8 ပတ် - ဘာသာပြန်ပါ။

#လောကဓံနဲ့ရန်မဖြစ်နဲ့ !
လောကထဲရောက်လာရင် ...
လောကဓံနဲ့ဖက်ပြီး ... ရန်မဖြစ်ရဘူး။
ရန်ဖြစ်ရင် ... ကိုယ်အမြဲရှုံးတယ်။
လောကဓံဆိုတာ ...
ကိုယ်ဖြစ်ချင်သလို ...
ဖြစ်နေတာမဟုတ်ဘူး။
သူဖြစ်ချင်သလိုဖြစ်နေတာ။
အဲဒါကို ကိုယ်က ...
သူနဲ့အထိုက်အလျှောက်
နေတတ်အောင်နေဖို့ပဲ ...
အရေးကြီးတယ်။
တခါတခါ ... လောကဓံဟာ
သည်းမခံနိင်လောက်အောင် ...
မကျေနပ်စရာတွေ
တွေ့ကြုံရတာမျိုးလည်း ရှိတယ်။
ကျေနပ်စရာပဲ တွေ့တွေ့...
မကျေနပ်စရာပဲ တွေ့တွေ့ ...
ကိုယ်ကနေတတ်အောင် နေဖို့ပဲ ...
အရေးကြီးတယ် …
သူနဲ့ဖက်ပြီး ... ရန်မဖြစ်ကြနဲ့ ။🙏
#အသိပညာရကြပါစေ
#ကျေးဇူးတော်ရှင်
#မင်းကွန်းတိပိဋကနာဒဆရာတော်ဘုရားကြီး
#အရှင်ဝိစိတ္တသာရာဘိဝံသ

image