11 ပတ် - ဘာသာပြန်ပါ။

ဆီလုံးဝမပါ #ငှက်ပျောဖူးအစိမ်းသုတ်ကို
မမဲအောင် ဒီလိုလေး သုတ်စားကြည့်ပါ။
ဆားရေဖျော်ဇလုံထဲ သံပုရာသီး ၁ လုံးညစ်ထည့်ထားပါ။ နုတဲ့အပိုင်းကိုပါးပါးလှီးပြီး လှီးထားတဲ့ ငှက်ပျောဖူးတွေကိုဆား သံပုရာရည် ဖျော်တဲ့ဇလုံထဲ ၁၅ မိနစ်ခန့်စိမ်ထားပါ။ (အစေးရှိပါသည်)
အချိန်စေ့ပါကစိမ်ထားသော ငှက်ဖျောဖူးလေးတွေကိုရေညစ်ချ လိုက်၊ ရေအသစ်ထဲထည့်လိုက် ၃-၄ ကြိမ်လောက်ဆေးပြီး သုတ်ရန်အသင့်ပြင်ပါ။
ပါဝင်ပစ္စည်း ---
ကြက်သွန်ဖြူ ငရုပ်သီးစိမ်းကြိတ်ထားပါ။ ငပိထောင်း ကြိုက်ရာထည့်ပါ။
(တုန်တုန်ထည့်လည်းရ) ငပိထောင်း နာမည် တုန်တုန်ပါ
သံပုရာသီး /ငံပြာရည် /ရသာမှုန့် /ငါးနီတူကျွတ်ကျွတ်လေး ကြော်ထားပါ။ ဇလုံတခုထဲထည့်အကုန်ရောနယ်ပါ။
အရသာပေါ့ငန်မြည်းကြည့်ပြီး စားလို့ရပါပြီး။
ငါးနီတူကြော်ကျွတ်ကျွတ်လေးဖြူး
အိမ်မှာ ငှက်ပျော်ဖူးနေရင် ခူးပီး လုပ်စားကြည့်ပါနော်

image