5 ပတ် - ဘာသာပြန်ပါ။

ဆိုင်းဘုတ်ပေါ်မှခုန်ချသူကို မီးသတ်ကကယ်တင်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ လမ်းဘေးကြော်ငြာဆိုင်းဘုတ်ပေါ်တက်ပြီး ခုန်ချခဲ့တဲ့ လူတယောက်ကို ကယ်တယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စက်တက်ဘာ ၁၈ ရက် ဒီနေ့ ညနေ ၅ နာရီကျော်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ ကားလမ်းဘေး မဲဘောင်တံတားနားက ဆိုင်းဘုတ်ပေါ်ကို လူ ၁ ယောက်တက်နေတယ်လို့ သတင်းရတာကြောင့် ဘားအံခရိုင်မီးသတ်စခန်းက လှေကားတင်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသွားလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ညနေ ၆ နာရီလောက်မှာ လှေကားတင်ယာဉ်နဲ့ ကယ်ဖို့လုပ်နေတုန်း ဆိုင်းဘုတ်နားကို လှေကားရောက်တဲ့အချိန် အဲဒီလူက ခုန်ချခဲ့ပေမဲ့ အောက်မှာ ကြိုတင်ပြင်ဆင်ထားတဲ့ လေမွေ့ရာပေါ်ကို ခုန်ချမိတာကြောင့် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

image