5 w - Translate

ဆာဒါအာဘေး (Sada Abe) ကို ၁၉၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါတယ် သူမဟာ ငယ်စဉ်ကတည်းက တခြားမိန်းကလေးတွေနဲ့ မတူဘဲ ပုန်ကန်တတ်တဲ့ စရိုက်ရှိခဲ့ပါတယ် သူမ အသက် ၁၅ နှစ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီးနောက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ် နောက်ပိုင်းမှာတော့ သူမဟာ ဟိုတယ်တွေ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ပြီး ချစ်မှုရေးရာကိစ္စတွေမှာ ရှုပ်ပွေခဲ့ပါတယ်
၁၉၃၆ ခုနှစ်မှာ ဆာဒါအာဘေး ဟာ ကီချီဇိုအီရှီဒါ (Kichizō Ishida) လို့အမည်ရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနဲ့ စတင်တွေ့ဆုံခဲ့ပါတယ် သူတို့နှစ်ဦးဟာ မကြာခင်မှာပဲ ချစ်ကြိုက်ခဲ့ကြပြီး နှစ်ဦးသားဆက်ဆံရေးဟာ အလွန်ဘဲရမ္မက်ပြင်းပြခဲ့ပါတယ် ရက်အနည်းငယ်ကြာပြီးနောက်မှာ သူတို့ဟာ အခြားနေရာတစ်ခုမှာ သွားရောက်နေထိုင်ခဲ့ကြပြီး အပြင်လောကနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ကာ လိင်ဆက်ဆံမှုတွေဘဲအဆက်မပြတ် ပြုလုပ်ခဲ့ကြပါတယ်
မေလ ၁၈ ရက်နေ့မှာ ဆာဒါအာဘေး ဟာ ကီချီဇိုကို နှိပ်စက်ပြီးနောက် ခါးပတ်နဲ့ လည်ပင်းကိုညှစ်သxတ်ခဲ့ပါတယ် အဲဒီလိုသတ်ပြီးနောက်မှာ သူမဟာ သူ့ရဲ့လိင်အင်္ဂါကို ဓားနဲ့ ဖြတ်တောက်ပြီး အိတ်တစ်အိတ်ထဲ ထည့်ကာ သွားလေရာသယ်သွားခဲ့ပါတယ် ဒီထက်ဆိုးတာက သူမဟာ ဖြတ်တောက်ထားတဲ့ လိင်အင်္ဂါနဲ့ လိင်ဆက်ဆံခဲ့တယ်လို့လည်း သတင်းတွေအရ သိရပါတယ်
ဆာဒါအာဘေး ဟာ လိင်အင်္ဂါကိုယူဆောင်ပြီး ခရီးထွက်ခဲ့ကာ သုံးရက်ကြာ လွတ်မြောက်နေခဲ့ပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ် တရားရုံးမှာ သူမက ဒီအမှုဟာ ရာဇဝတ်မှုမဟုတ်ဘဲ ရမ္မက်အရှိန်လွန်သွားတဲ့ ချစ်ခြင်းမေတ္တာရဲ့ ရလဒ်ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ် သူမဟာ တရားရုံးမှာ နာမည်ကြီးခဲ့ပြီး anomalous passion လို့တောင် အမည်ပေးခံခဲ့ရပါတယ်
နောက်ဆုံးမှာတော့ သူမကို ထောင်ဒဏ် ၆ နှစ် ကျခံဖို့ စီရင်ချက်ချမှတ်ခဲ့ပြီး ၁၉၄၁ ခုနှစ်မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ် ထောင်က လွတ်ပြီးနောက်မှာတော့သူမဟာ ဘဝကို ပြန်လည်စတင်ခဲ့ပြီး သာမန်ဘဝနဲ့ နေထိုင်ခဲ့ပါတယ် ဒါ့အပြင် သူမရဲ့အဖြစ်အပျက်ကို အခြေခံပြီး စာအုပ်တွေ၊ ရုပ်ရှင်တွေလည်းအများအပြား ထွက်ပေါ်လာခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image