5 w - Translate

Book Review 📚
🔘 လမ်းတွေပျောက်နေသလိုလို ၊ ဘာလုပ်လုပ် လွဲနေသလို စိတ်မှာခံစားရပြီး စိတ်တွေပျံ့လွင့်နေတဲ့အချိန်မှာ ဒီစာအုပ်လေးဖတ်ခွင့်ရလိုက်တာဟာ ဆေးကောင်းတစ်ခွက်​​သောက်လိုက်ရသလိုပါပဲ။ နောက်ကျိမွန်းကြပ်မှုတွေဟာ ကြည်ရှင်းသွားခဲ့တယ်။ နောက်ပြီး လူဆိုတာမျိုးဟာ ဘယ်တော့မှ ပြီးပြည့်စုံတာမျိုးမရှိပဲ လိုအပ်ချက်တွေလည်း အမြဲတစေရှိတတ်ပါတယ်။ ဒီစာအုပ်လေးဟာ အဲဒီလိုအပ်ချက် ကွက်လပ်တွေပါ ဖြည့်စည်းပေးနိုင်တယ်လို့ ခံစားရမိပါတယ်။
🔘 ပွင့်ပွင့်လင်းလင်းနဲ့ အရိုးသားဆုံးဝန်ခံရရင် ကျွန်တော်က စိတ်ခံစားချက်ကို အင်မတန်ဦးစားပေးသူလို့ပြောရမယ်။ တခုခုဆိုရင် တနုံ့နုံ့ ၊ တမြေ့မြေ့နဲ့ မပြီးနိုင်အောင် ခံစားချက်က ပြင်းပြတယ်။ဒါကြောင့် ဒီလိုစာအုပ်လေးတွေကို မကြာခဏဖတ်​​​လေ့ရှိတယ်။ တစ်လကို တစ်အုပ်လောက် အနည်းဆုံးဖတ်ဖြစ်တယ်။ စိတ်ခွန်အား ပြန်ဖြည့်တယ်လို့ပြောရမှာပေါ့။
🔘 ဒီစာအုပ်ကလူတိုင်းရဲ့အကြိုက်နဲ့တော့ ကိုက်ညီချင်မှကိုက်ညီလိမ့်မယ်။ ဒါကိုဖတ်ဖို့လည်း လိုအပ်ချင်မှလိုအပ်ကြမယ်။ တချို့ ကျွန်တော့်လိုပဲ စိတ်အစာဖြည့်ဖို့ လိုအပ်သူတွေများ ရှိခဲ့ရင် ဖြည့်စည်းလို့ရအောင် ညွှန်းဆိုပေးခြင်းသက်သက်သာဖြစ်ပါတယ်။
🔘 ဒီစာအုပ်ပါအကြောင်းအရာတွေဟာ ကျွန်တော်တို့ကိုယ်တိုင်လည်း ကြုံတွေ့ဖူးတာမျိုး ၊ တွေးမိတာမျိုး အ​​​ကြောင်းအရာမျိုးတွေပါပဲ။ ဒါပေမယ့် အသုံးချဖို့မေ့နေတတ်ကြတယ်။ ဖတ်ပြီးတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အတွေးထဲ စွဲကျန်ပြီး အနည်းအများမဆို လိုက်နာကျင့်ကြံဖြစ်ရင် သေချာပေါက် ရလာဒ်ကောင်းတခု ပေါ်ပေါက်လာမယ်လို့ ယူဆမိပါတယ်။
📖 ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့
✍ သဟာဆွေလှိုင်း
🏠 မြဝတ်ချိုစာပေ
🖨 ပထမအကြိမ်၊ ဇွန်လ ၂၀၂၅
📄 စာမျက်နှာ - ၁၃၉
ကိုသက်နိုင်အောင်၏ Book Review 💚
📚
Mya Wutt Cho - book-case by Saw
#ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ စာအုပ်
#သဟာဆွေလှိုင်း

image