#သွေးတိုးရောဂါ ဘာလို့ဖြစ်ရလဲ?
သွေးဟာ အရည် ဖြစ်တယ်အရည်ရဲ့ သဘောတရား အရ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်
ခန္ဓာကိုယ်ထဲမှာကျတော့ နိမ့်ရာကနေ မြင့်တဲ့ဦးခေါင်းလို နေရာမျိုးကို စီးဖို့လေပန့်လို ဝါယောဓါတ် လေဓါတ်က ကူညီပေးတယ်
အဲတော့ ဝါယောဓါတ်မကောင်းတဲ့ သူတွေဟာလေတွေက တအားတွန်းကန်ပြီးတော့ လေဖြတ် လေငန်း လေရောဂါတွေ ဖြစ်ရတယ်
Tik Tok မှာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ပြည်သူကို ကျန်းမာရေး အသိပေးနေတဲ့ဆရာမကြီး တစ်ယောက်ရဲ့ HE စကားတွေပါ
တကယ်တော့အဲဒါဟာ ဆောက်တလွဲပါ
သွေးထဲမှာ လေဆိုတာ ရှိလို့မရပါမယုံတဲ့သူရှိရင် လေ ၅၀ စီစီလောက် ကိုယ့် သွေးကြောထဲ ကိုယ်ထိုးထည့်ကြည့်လိုက်ပါ
သွေးတိုးဆိုတာကို ပြောရင်သွေးပေါင်ချိန်ဆိုတာ ကို ပထမ နားလည်ရပါမယ်
သွေးပေါင်ချိန်ရင် အပေါ်သွေး အောက်သွေးဆိုပြီး ပြောကြပါတယ်
နှလုံးက ဖိညှစ်နေတဲ့ အချိန်သွေးလွှတ်ကြောတွေထဲမှာ ရှိနေတဲ့ သွေးဖိအားကိုတိုင်းတာဟာ အပေါ်သွေး ဖြစ်ပြီး
နှလုံး ပြန်ဖြေလျော့တဲ့ အချိန်မှာ တိုင်းတာဟာအောက်သွေးဖြစ်ပါတယ်
ပုံမှန် သွေးပေါင်ဟာ ၁၂၀/၈၀ လို့သတ်မှတ်ပါတယ်
120-29 ကို သွေးတိုး အစ လို့သတ်မှတ်ပြီး
130-39 ကို Stage 1 Hypertension
140-180 ကို Stage 2 Hypertension လို့သတ်မှတ်ပြီး
180 အထက်ကို Hypertensive crisis လို့ သတ်မှတ်ပါတယ်
နောက်ထပ် အလွယ်ခွဲရင်
အသက်အရွယ်ကြောင့် တိုးတဲ့ သွေးတိုးနဲ့
အသက်ငယ်ငယ်နဲ့ တိုးတဲ့ သွေးတိုး ဆိုပြီး ခွဲလို့ရပါတယ်
အများအားဖြင့် အသက်အရွယ်ရလာတဲ့ အခါလူတွေရဲ့
နေထိုင်စားသောက်မှုအပေါ်မူတည်ပြီး သွေးကြောနံရံတွေမှာ CHolestrol လို့ခေါ်တဲ့
အဆီတွေ ကပ်လာတတ်ပါတဲ့
အဲဒါကြောင့် သွေးကြောနံရံတွေဟာ မာကျောလာပြီး
အတွင်း cavity ဟာ ကျဉ်းလာတဲ့ အတွက်
ကျဉ်းနေတဲ့ ပိုက်ထဲ သွေးဖြတ်စီးဆင်းဖို့အတွက်
နှလုံးဟာ ဖိညှစ်ရတာကြောင့်
သွေးဖိအား မြင့်တက်လာရခြင်း ဖြစ်တယ်
သွေးတိုးတာကြာလေ နှလုံးက ဖိညှစ်လေ သွေးကြောနံရံတွေကဖိအားခံရလေနဲ့
တချိန်မှာ ပြင်းထန်တဲ့ ဖိအားကြောင့် သွေးကြော
ပေါက်ထွက်သွားတဲ့အခါ ဦးနှောက်သွေးကြောပေါက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်
အဲလိုမှ မပေါက်ဘဲ သွေးကြောနံရံက
အဆီခဲတွေကြောင့် သွေးကြောပိတ်သွားပြီး
သွေးမရောက်တော့တာမျိုး
ကျဉ်းနေတဲ့ သွေးကြောမှာ သွေးခဲလေးတွေ သွားပိတ်တာမျိုးကို
လေဖြတ် လေငန်းဆွဲတယ် လို့ ခေါ်ကြတယ်
ပြီးတော့
အသက်ငယ်ငယ်နဲ့ တိုးတဲ့သွေးတိုးတွေဟာ underlying ရောဂါ
အကြောင်းအရင်းတစ်ခုခု ရှိနေတတ်ပါတယ်
မျိုးရိုးလိုက်တာ မွေးရာပါ ကျောက်ကပ် မကောင်းတာ
ဟိုမုန်း ချို့တဲ့တာ များတာ
အဝလွန်တာ စတဲ့ ရောဂါ အခြေခံတစ်ခုခု ရှိနေတတ်ပါတယ်
သွေးတိုးအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ကုသပုံတွေ မတူသလို
သွေးတိုးဟာ ပျောက်အောင်လဲ ကုလို့မရပါ
ကိုယ်လိုချင်တဲ့ Target blood pressure
ရောက်အောင် ထိန်းညှိရင်း
သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ နှလုံးပျက် လေဖြတ်
ကျောက်ကပ်ပျက် တာတွေ မြန်မြန်ဖြစ်မသွားအောင်ဘဲ ကုရတာပါ
အဲလိုကုဖို့အတွက် လူနာဟာ ဆေးနဲ့ ဆရာတွေကိုဘဲ
အားကိုးလို့မရသလို
ဖြည့်စွက်ဓါတ်ဆာဘယ်လောက်ကောင်းကောင်း
ကျန်းမာတဲ့ စားသောက်နေထိုင်ပုံ ကိုယ်လက်ကျန်းမာရေးလှုပ်ရှားမှုနဲ့
ဆောင်ရန် ရှောင်ရန်တွေကိုလဲ မှန်ကန်တဲ့ source တွေကနေ
သေသေချာချာ သိထားဖို့လိုပါတယ်
