ယောဂဗဟုသုတဟင်းလေးအိုး အပိုင်း(၃) Hatha yogaနဲ့အသက်စွမ်းအင်ပရာန(prana) ကီအာလီယန်(kirlian)ကင်မရာကို 1939ခုနှစ်ဝန်းကျင်မှာ ကီအာလီယန်(kirlian)အမည်ရှိတဲ့ ဇနီးမောင်နှံက တီထွင်ခဲ့ပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ အရာဝတ္ထုအမျိုးမျိုးကိုစမ်းသပ်ခဲ့ကြပါတယ် ကီအာလီယန်ကင်မရာကြောင့် သက်ရှိသဘာဝပစ္စည်းတိုင်းမှာ auraလို့ခေါ်တဲ့ရောင်ခြည်ဝန်းတေွရှိနေတာကိုတွေ့ခဲ့ကြပါတယ် သုတေသီတွေက ကီအာလီယန်ကင်မရာနဲ့ထောင်ပေါင်းများစွာသော လူတွေသက်ရှိတွေ ကျန်းမာတဲ့သူ မကျန်းမာတဲ့သူ စိတ်ချမ်းသာတဲ့သူစိတ်ဖိစီးနေတဲ့သူတွေကို စမ်းသပ်ခဲ့ပါတယ် စမ်းသပ်မူတခုမှာဆိုရင် အမျိုးသားနဲ့အမျိုးသမီးကိုလက်ချင်းကိုင်စေပြီးကင်အာလီယန်ကင်မရာနဲ့ရိုက်လိုက်တဲ့အချိန်မှာ အမျိုးသားရဲ့ကိုယ်ရောင်ခြည်(aura)ကအမျိုးသမီးရဲ့ကိုယ်ရောင်(aura)ကိုဆွဲငင်နေပါတယ် ခန္ဓာကိုယ်ကကိုယ်ရောင်ခြည်(aura)က စိတ်နဲ့လဲဆက်စပ်နေတာတွေ့ရှိခဲ့ပါတယ် ဥပမာအားဖြင့် စိတ်တည်ငြိမ်ပြီး အနားယူတဲ့လူရဲ့ကိုယ်ရောင်က တည်ငြိမ်ပြီးတော့ရောင်ခြည်ရပ်ဝန်းကကျယ်ပြန့်ပါတယ် စိတ်ဖိစီးစိတ်ညစ်နေတဲ့လူရဲ့ ကိုယ်ရောင်ခြည်က တည်ငြိမ်မူမရှိပါဘူး သုတေသီတွေက မကြာခင်သေဆုံးတော့မဲ့လူတွေကိုလေ့လာရာမှာ သူတို့ရဲ့ကိုယ်ရောင်ခြည်မရှိတော့တာကို သိခဲ့ရပါတယ် ယောဂကျင့်တဲ့လူတယောက်ရဲ့ ယောဂမကျင့်ခင်နဲ့ယောဂကျင့်ပြီးအခြေအနေကို ကီအာလီယန်ကင်မရာနဲ့ရိုက်ကြည့်တဲ့အခါမှာ မကျင့်ခင်ကိုယ်ရောင်ခြည်ဓာတ်အားမကောင်းပေမဲ့ ယောဂကျင့်ပြီးတဲ့အချိန်မှာ လက်ကကိုယ်ရောင်ခြည်ဓာတ်(aura)တွေဖြာထွက်နေတာကိုမြင်ခဲ့ရပါတယ် ကိုယ်ရောင်ခြည်ဓာတ်(aura)ကလူကောင်းရော လူဆိုးမှာပါရှိပါတယ် ဒါပေမဲ့အရောင်အဝါချင်းကွာခြားပါတယ် hatha yogaကျင့်စဥ်တွေက အသက်ဓာတ်စွမ်းအင်ပရာနစီးဆင်းမူကို အားကောင်းစေတာကြောင့် ကိုယ်ရောင်ခြည်(aura)ကိုလည်းဖြာထွက်စေပါတယ် hatha yogaကျင့်စဥ်ငါးရပ်မှာ အသက်ဓာတ်စွမ်းအင်ပရာန(prana)ကိုပိုရစေတဲ့ကျင့်စဥ်က pranayama(ပရာနာယာမ)ပဲဖြစ်ပါတယ် pranayama(ပရာနာယာမ)က အသက်ဓာတ်စွမ်းအင်(prana)ကိုထိန်းချုပ်ပြီး စိတ်ကိုတည်ငြိမ်စေပါတယ် Hatha yogiတွေရဲ့ပြောနေကျစကားက စိတ်မတည်ငြိမ်တာနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ pranayamaကိုသာကျင့်ပါ စိတ်ကကျင့်ရင်းတည်ငြိမ်လာပါလိမ့်မယ်လို့ ဆုံးမကြပါတယ် စိတ်နဲ့အသက်ရူပုံကလဲဆက်စပ်နေပါတယ် ဒေါသထွက်တဲ့အချိန်မှာအသက်ရူမြန်ပြီး စိတ်ချမ်းသာတည်ငြိမ်တဲ့အချိန် ညင်ညင်သာသာလေးနဲ့အသက်ရူကြပါတယ် တရားမထိုင်ခင် ပုတီးမစိပ်ခင် မိမိတို့ကိုးကွယ်ရာဘာသာအလိုက်ဘုရားဝတ်မပြုခင်မှာ pranayamaကိုကျင့်ရင် တရားစာရွတ်တဲ့အချိန်မှာအာရုံစူးစိုက်မူအပြည့်နဲ့စိတ်အေးအေးချမ်းချမ်း မိမိတို့ဘုရားကို ဝတ်ပြုနိုင်တဲ့အကျိုးရရှိမှာပါ hatha yogaက kundalini(ကုဏ္ဍလိနီ)စွမ်းအင်ကို နိုးဆွတဲ့နေရာမှာလဲ အထောက်အကူပြုပါတယ် ဒါပေမဲ့ အသက်ဓာတ်စွမ်းအင်ပရာန(prana)က လေကိုပြောတာမဟုတ်ပါဘူး pranayamaကိုကျွမ်းကျင်တဲ့ယောဂီက အသက်မရူဘဲအကြာကြီးနေနိုင်ကြပါတယ် ကမ္ဘာကျော်ယောဂဂုရုတယောက်ဖြစ်တဲ့ ဆွာမိသီဝနန္ဒ(swami sivananda)ရဲ့တပည့်ရင်း ဆွာမိနာဒဗြဟ္မာနန္ဒ(swami nadabrahmananda)ကအသက်မရူဘဲအကြာကြီးထိန်းနိုင်စွမ်းရှိသူပါ သူ့ကိုသုတေသီတွေ စမ်းသပ်ထားပါတယ် သူ့ကိုလေမရှိတဲ့ဖန်ပြွန်ချောင်းကြီးထဲမှာထည့်ထားပါတယ် နောက်ဖန်ပြွန်မှာ မျောက်တကောင် နောက်ထပ်ဖန်ပြွန်မှာ မီးထွန်းထားတဲ့ဖယောင်တိုင်းထည့်ထားပါတယ် ဖန်ပြွန်ထဲက swami nadabrahmanandaကို သူ့ရဲ့တကိုယ်လုံးမှာ electrodesကြိုးတွေတပ်ထားပါတယ် သူရဲ့နှာခေါင်းနဲ့နားကိုပိတ်ထားပြီး တကိုယ်လုံးကိုလဲလေမဝင်နိုင်အောင် ပျားဖယောင်းတွေသုတ်ထားပါတယ် ဒီလိုနဲ့နောက်ထပ် 3မိနစ်အကြာမှာ ဖန်ပြွန်ထဲကဖယောင်းတိုင်းမီးငြိမ်းသွားပါတယ် ၁၅မိနစ်အကြာမှာ ဖန်ပြွန်ထဲက မျောက်မေ့မြောသွားပါတယ် ဆွာမိနာဒဗြဟ္မာနန္ဒကတော့ လေမရှိတဲ့ဖန်ပြွန်ထဲမှာ အိန္ဒိယဗုံတမျိုးကိုတီးခတ်နေဆဲဖြစ်ပါတယ် သူက လေမရှိတဲ့ဖန်ပြွန်ထဲမှာ မိနစ်40ကြာအောင် နေပြခဲ့ပါတယ် ဖန်ပြွန်ထဲရှိနေတဲ့အချိန်မှာ သူရဲ့ခန္ဓာကိုယ်မှာတပ်ထားတဲ့ microphoneမှာ ရေတံခွန်ကရေစီးကျနေတဲ့အသံမျိုးကြားရပါတယ် သူကရှင်းပြပါတယ် ဒီအသံကသူရဲ့ ခန္ဓာကိုယ်ထဲမှာ အားကောင်းတဲ့အသက်ဓာတ်စွမ်းအင်ပရာန(prana)တွေစီးဆင်းနေတဲ့အသံလို့ရှင်းပြခဲ့ပါတယ် အပိုင်း(4)ဆက်ရန်🙏🙏🙏 ကိုးကားကျမ်းများ Swami Muktibodhnanda(swara yoga:the tantric science of brain breathing) Swami Niranjanananda (prana and pranayama)
