၂၀၁၃ ခုနှစ်တုန်းက တရုတ်နိုင်ငံ Guangxi ပြည်နယ်က စီးပွားရေးသမားကြီး Tan Youhui ဟာ သူ့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Wei ကို အလုပ်တစ်ခုကြောင့် သxတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် သူဟာ ဒီအလုပ်အတွက် ကြေးစားလူသxတ်သမားတစ်ဦးကို အမေရိကန်ဒေါ်လာ ၂၈၂,၀၀၀ နဲ့ ငှားခဲ့ပါတယ်
ဒါပေမဲ့ ဒီလူသxတ်သမားဟာ အလုပ်ကို ကိုယ်တိုင်မလုပ်ဘဲ နောက်ထပ်လူတစ်ဦးကို ဒေါ်လာ ၁၄၁,၀၀၀ နဲ့ ထပ်မံခိုင်းစေခဲ့ပါတယ် ဒီလိုနဲ့ လူသxတ်သမားတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုက်ဆံလျှော့ချပြီး နောက်ထပ်လူတွေကို ထပ်ခိုင်းရင်းနဲ့လူငါးဦးအထိ ကွင်းဆက်ကြီး ဖြစ်လာခဲ့ပါတယ်
ဒီလိုနဲ့ Ling Xiansi လို့အမည်ရတဲ့ နောက်ဆုံး ပဉ္စမမြောက် လူသxတ်သမားဟာ အလုပ်ကို လက်တွေ့လုပ်ဆောင်ရမယ့်သူ ဖြစ်လာပါတယ် ဒါပေမဲ့ Ling ဟာ သူသxတ်ရမယ့်သူ Wei ကို တွေ့ဆုံပြီး အခြေအနေကို ရှင်းပြခဲ့ပါတယ် ဒါကြောင့်သူတို့နှစ်ဦးဟာ Wei ေxသဆုံးသွားပြီလို့ အထင်ရောက်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်
Ling ဟာ Wei ကို တောင်ပေါ်ကိုခေါ်သွားပြီး ဓာတ်ပုံရိုက်ကာ သxတ်ထားပြီးပြီလို့ ထင်စေမယ့် အယောင်ဆောင်ပုံစံတွေကို သူ့အထက်က တစ်ယောက်ဆီပို့ခဲ့ပါတယ်
နောက်ဆုံးမှာတော့ Wei ဟာ အမှုအခင်းကို တာဝန်ရှိသူတွေဆီကို ကိုယ်တိုင်ဖွင့်ဟခဲ့ပါတယ် ဒီလိုနဲ့ ရဲတပ်ဖွဲ့က ဒီလူသxတ်ကွင်းဆက်ထဲမှာ ပါဝင်တဲ့လူ ၆ ဦးလုံး ကို ဖမ်းဆီးခဲ့ပါတယ် ၂၀၁၉ ခုနှစ်မှာတော့ တရားရုံးချုပ်က အားလုံးကို ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ စီးပွားရေးပြိုင်ဆိုင်မှု ကနေစတင်ခဲ့ပြီး လူသxတ်ကွင်းဆက်ကြီးဖြစ်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘယ်သူ့ကိုမှ မသxတ်ခဲ့ရဘဲ ထောင်ကျခဲ့ရတဲ့ ထူးခြားတဲ့ အမှုတစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
