5 w - Translate

Tahoe မြို့ရှိ ရေခဲမုန့်ဆိုင်တစ်ဆိုင်ဟာ ပျားရည် ဖြင့်ပြုလုပ်ထားသော ရေခဲမုန့်အသစ်ကို မိတ်ဆက်ခဲ့ပြီး Customers တွေရဲ့ ကြိုက်နှစ်သက်္မှုကို ရရှိခဲ့ပါတယ်။ဒါပေမယ့် အားပေးအကြမ်းဆုံး Customer တစ်ဦးရှိခဲ့ပါတယ်။သူကတော့ အလွန်ကြီးမားတဲ့ အနက်ရောက်ဝက်ဝံကြီးတစ်ကောင်ပါ။
ပျားရည်ရေခဲမုန့်ရောင်းချပြီး မကြာမီတစ်ရက္မှာ မနက်စောစော ဆိုင်ဖွင့်ဖို့လာတဲ့ ဝန်ထမ်းများဟာ ဆိုင်တံခါးပွင့်နေတာကိုသတိထားမိခဲ့ပြီး အတွင်းတွင် ရေခဲမုန့်များ ကြမ်းပြင်မှာပြန့်ကျဲနေတဲ့ မြင်ကွင်းကို‌ေတွ့ခဲ့ရပါတယ်။ ထို့ပြင် အလွန်ကြီးမားတဲ့ဝက်ဝံကြီးတစ်ကောင်ဟာ ရှိသမျှရေခဲမုန့်တွေကို တဝစားသောက်ပြီး ကြမ်းပြင်မှာ တုံးလုံးပက်လက် အိပ်ပျော်နေတာကိုလဲ ထိတ်လန့်စွာ မြင်တွေ့ခဲ့ရပါတယ်။ထို့နောက် တောရိုင်းတိရစ္ဆာန်‌ေစာက်‌ေရှာက်‌ေရးအဖွဲ့များရောက်လာပြီး ဝက်ဝံကြီးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဝက်ဝံများသည် မယုံနိုင်လောက်အောင် အနံ့ခံအာရုံကောင်းကြပြီး မိုင်ပေါင်းများစွာက အစာကုိ အနံ့ခံရာမှာ အမဲလိုက်ခွေးများထက် ခုနစ်ဆခန့် ပိုပြီးထူးချွန်ကြတယ် လို့ သုတေသီများကဆိုကြပါတယ်။ ဒါကြောင့်ပင် ပျားရည်​ရဲ့အနံ့က ဝက်ဝံကြီးကို ဆိုင်​တံခါးရှေ့အရောက် လမ်းညွှန်ပေးသလို ြဖစ်ခဲ့ပါတယ်။
ပိုင်ရှင်ကို မေးတဲ့အခါ သူက ရယ်ပြီး "ခုတစ်ခါက ငါတို့ရောင်းဖူးသမျှထဲမှာ အမြန်ဆုံး All Sold out ဖြစ်ခဲ့တာဘဲ။ပိုက်ဆံ‌ေပးတဲ့သူဆိုရင်တော့ နောက်တစ်ခါ ထပ်လာပါစေ မျှော်လင့်မိမှာပါ" လို့ ရယ်ရယ်မောမော ပြန်ဖြေခဲ့ပါတယ်။

image