🙏ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမြင်ပါ...။🙏
🌿လောဘထွက်လျှင် ဘုရားမျက်နှာတော်ကြည့်ပါ။
🌿ဒေါသထွက်လျှင် ဘုရားမျက်နှာတော် ကြည့်ပါ။
🌿မောဟထွက်လျှင် ဘုရားမျက်နှာတော်ကြည့်ပါ။
စိတ်ရွှင်လန်းနေချိန်မှာ ဘုရားမျက်နှာတော်ကို ဖူးရရင် မျက်နှာတော်က ပြုံးနေသလိုခံစားရပြီး အမှောင်အမိုက်တွေနဲ့ သောကများနေချိန် ဖူးတဲ့အခါ မျက်နှာတော်က ညိုးသလို ခံစားရလေ့ရှိပါတယ် ။ ဘုရားမျက်နှာတော် ပြောင်းတယ်ဆိုတာ လူတွေရဲ့ စိတ်ပါပဲ ။
ဘုရားရှိခိုးတဲ့အခါမှာ ဘုရားရှင်ရဲ့ မေတ္တာဓာတ်ကို ခံယူပါ ။ ဂုဏ်တော်တွေကို အောက်မေ့ပါ ။ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ခွင့်လွှတ်ပြီး ကိုယ့်ကိုယ်ကို ကြင်နာစိတ် ၊ အကောင်းမြင်စိတ်တို့ ဖြင့် ထိုအခိုက်အတန့်လေးမှာ မေတ္တာ ၊ သီလ ပွားများသင့်ပါတယ်။
