ကံနိမ့် ၊ ကံညံ့နေတဲ့အခါမျိုးမှာ ကံချေကန်တော့ခြင်း အဓိဌာန်ဝင်ပြီး ကုသိုလ်ယူပါ ။ 🙏
ကံတွေ ညံ့နေတဲ့သူတွေ၊ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတဲ့သူတွေနဲ့ သံသရာတစ်လျှောက် ပြုခဲ့ဖူးတဲ့ အညစ်အကြေးတွေကို ဆေးကြောဖို့အတွက် ကံချေကန်တော့ခြင်း အဓိဋ္ဌာန်ဟာ အလွန်အကျိုးများပါတယ်။
🙏ကံချေကန်တော့ခြင်းဆိုတာ...
ကံဆိုးမှုတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာ ယုံကြည်မှုအပေါ်မူတည်ပြီး ဆုတောင်းခြင်း၊ နည်းလမ်းတကျ ကန်တော့ခြင်းတို့ကို ပေါင်းစပ်ထားတဲ့ နည်းလမ်းတစ်ခုပါ။ မကောင်းတာတွေကို ဖြတ်တောက်ပြီး ကံကောင်းဖို့ စိတ်ထားတတ်သူတွေနဲ့ လမ်းသစ်ဖွင့်ဖို့ ရည်ရွယ်ပါတယ်။
စတင်မပြုလုပ်ခင် ၇ ကြိမ်မှ ၈ ကြိမ်ခန့် အသက်ကိုဝဝရှူပြီး စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။ ပတ်ဝန်းကျင်ကအသံနဲ့ မြင်ကွင်းတွေကို လျစ်လျူရှုထားပါ။
• နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (၃) ကြိမ် ရွတ်ဖတ်ပူဇော်ပါ ။
• ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ... ရတနာသုံးပါးအား ရည်မှန်း ကန်တော့ပါ ။
• သိလျက်ဖြစ်စေ ၊ မသိလိုက်လို့ပဲဖြစ်စေ ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးအပေါ် ပြစ်မှားထားမိသည်များကို ဝန်ချတောင်းပန် ကန်တော့ပါ ။
• မကောင်းသောစိတ် ၊ မကောင်းသော အကြံအစည် ၊ မကောင်းသော လူပုဂ္ဂိုလ် အရပ်ဝန်းကျင်တို့မှ ကင်းဝေရပြီး သူတော်ကောင်းတရားနဲ့ အညီနေထိုင်နေစေရန် မိမိကိုယ်ကိုနှင့်တကွ မိမိအိမ်သူအိမ်သာ မိသားစုဝင်များအတွက် မေတ္တာပို့ပါ ။
• အိမ်တွင်ရှိသော (၃၁) ဘုံသားများအား မေတ္တာပို့ အမျှအတန်းပေးဝေပါ ။
#မေတ္တာပို့နည်း
(ဘဝအဆက်ဆက်၊ ဘ၀အဖုံဖုံမှ မိမိပြုခဲ့သော ကောင်းမှုကံပါရမီတို့နှင့် လူတကာတို့ ပေးဝေငှနေသောမေတ္တာဘာဝနာများကို သိမြင်ကြားသိ သာဓုခေါ်နိုင်ပြီး ဤ ဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ ဤထက် များစွာ မြင့်မြတ်သော ဘုံဘဝသို့ ရောက်ရှိပါစေ။
နေစရာမရှိသူများလည်း နေစရာရပါစေ၊ စားစရာမရှိသူများလည်း စားစရာရပါစေ၊ ဝတ်စရာမရှိသူများလည်း ဝတ်စရာရပါစေ။
ဤဘုံ၊ ဤဘဝမှ ကျွတ်လွတ်၍ လူ့ဘဝသို့ အမြန်ဆုံး ရောက်ရှိပြီး သူတော်ကောင်းတရားနှင့်အညီ နေနိုင်၊ သွား နိုင်၊ စားနိုင်၊ အိပ်နိုင်ကာ နိဗ္ဗာန်ရောက်ရာ လမ်းကြောင်း များကိုလည်း အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်ကြပါစေ။)
• ဘုရားစာရွတ် ပုတီးစိပ် မေတ္တာပွားများပါ ။
ခုနှစ်ရက်သားသမီးအပေါင်း ကပ်ကြီးသုံးပါးမှ အမြန်ဆုံးကင်းဝေးပြီး ချမ်းသာသုခ လိုတိုင်းရရ၍ မွန်မြတ်ပြည့်စုံသော ဘဝကောင်းကို ရရှိပိုင်ဆိုင်ကြပါစေ....။ 🌿🌿🙏
