🟥Bichir Fish Care Guide🟥
Bichir Fish ( ငါးနဂါး )
ကျွန်တော်ရေးခဲ့တဲ့ monster fish type တော်တော်များက professional skill ရှိတဲ့ သူတွေသာအဓိကမွေးမြူသင့်တဲ့ငါးအမျိုးအစားများသာဖြစ်ပါတယ် ဒီလိုတွေပြောလို့လဲဝါသနာရှင်များက monster ဆိုတာ pro အတွက်ပဲလားလို့မေးထင်စရာ ဖြစ်နေပါဦးမယ် အမှန်တော့ monster type ထဲမှာကိုက basic / intermediate သမားတွေအတွက် ရွေးချယ်နိုင်တဲ့ငါးအမျိုးအစားများရှိပါသေးတယ်
ဒီနေ့ကျွန်တော်တင်ပြပေးမဲ့အရာကလဲ monster type ကိုမှ basic / intermediate သမားတွေမွေးမြူနိုင်တဲ့ ” Bichir Fish ” အကြောင်းပဲဖြစ်ပါတယ်
ဒီအောက်ဖော်ပြပါအချက်အလက်တွေကနေ ” Bichir Fish ” တွေကို ဘယ်လိုမွေးမြူဂရုစိုက်ရမလဲဆိုတာ လေ့လာကြည့်ကြရအောင်လားဗျာ
* မူလဇာတိ = Bichir ငါးတွေဟာ အကြမ်းခံကြပါတယ် သူတို့မှာ ရေမျက်နှာပြင်ပေါ်ကလေကိုရှုနိုင်သောအင်္ဂါများပါဝင်ပြီး ကန်ရေအပြင်ဖက်မှာ ခန္ဓာကိုယ်ကြေးခွံစိုစွတ်သမျှပါတ်လုံးအသက်ရှင်နိုင်ကြပါတယ်
Bichir ငါးတွေဟာ ရှေးလွန်ခဲ့သော နှစ်သန်းပေါင်း ၅၀ ခန့်ကထဲက တည်ရှိခဲ့သော ငါးမျိုးစိပ်ဖြစ်ပါတယ် ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုတော့ သူရဲ့ထူးခြားသော ခန္ဓာကိုယ်တည်ဆောက်ပုံ ကြေးခွံအမျိုးအစားနဲ့ ကျောတောင်ဆူး ရေယက်စတာတွေကိုကြည့်ပြီး ခွဲခြားပြောနိုင်ခြင်းဖြစ်ပါတယ်
ဒီbichir ငါးတွေဟာ လက်ရှိအချိန်မှာတော့ အာဖရိကအပူပိုင်းမြစ်တွေနဲ့ နိုင်းမြစ်တလျှောက်မှာတွေ့မြင်ရပါတယ်
* ရေအမျိုးအစား = ပူနွေးသော ရေမစေးလွန်း မသွက်လွန်းတဲ့ ရေချိုအမျိုးအစားများကို နှစ်သက်ကြပါတယ်
* အပူချိန် / ph = 24°C – 28°C / 7
* ကန်အရွယ်အစား = အရွယ်အသေးဆုံးကနေစပျိုးမယ်ဆိုရင်တော့ ဂါလံ ၅၀ ဆန့် ကန်တွေနဲ့စတင်ပျိုးသင့်ပြီး အရွယ်ရောက်ပါက ဂါလံ ၁၈၀ဆန့်ကန်များကပိုသင့်တော်ပါတယ်
Bichir ငါးတွေဟာ ကန်အမြင့်ထက် ကျယ်ပြန့်သောကန်အနေအထားကိုပိုသဘောကျကြပါတယ်
* အကြီးဆုံးရောက်နိုင်သောဆိုဒ် = အကြီးဆုံးရောက်နိုင်မှုအရွယ်အစားဟာ မျိုးစိပ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ် အချို့မျိုးစိပ်များဟာ 8 လက်မထိ ကြီးနိုင်ပြီး အကြီးဆုံးမျိုးစိပ်ကတော့ ၃ပေခွဲနီးပါးအထိကြီးထွားနိုင်ပါတယ်
* သက်တမ်း = မှန်ကန်ထိရောက်သော အစားအစာရေအရည်အသွေး သဘာဝပါတ်ဝန်းကျင်နှင့်ပြုစုပျိုးထောင်ပေးပါက 15 – 20 yrs အထိ နေနိုင်ကြပါတယ်
* အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ဒီနေရာမှာ မျိုးစိပ်ပေါ်မူတည်ပြီး ကွာခြားသွားပါတယ် Bichir ငါးများဟာ အမြင်အာရုံအားနည်းကြပါတယ် ဒါကြောင့် အနံ့နဲ့အာရုံခံလှုပ်ရှားပြီး သားကောင်များကိုဖမ်းယူစားကြပါတယ် ဒါကြောင့် အချို့မျိုးစိပ်များဟာ မျိုးတူငါးများကို သားကောင်အမှတ်နှင့် တိုက်ခိုက်ကြပါတယ်
ဒီလိုတိုက်ခိုက်ခြင်းကြောင့်အနာတရများဖြစ်ကာ သေနိုင်ကြပါတယိ အချို့သောမျိုးစိပ်များကတော့ မျိုးတူအချင်းချင်ူကိုရန်လိုခြင်းမရှိဘဲ အခြားငါးများကိုသာရန်လိုတတ်ကြပါတယ် ဒါပေမဲ့ ဒီလိုရန်လိုတိုက်ခိုက်တာကိုအမြဲလိုလိုမတွေ့မြင်နိုင်ပါဘူး သူတို့ဟာ သဘာဝမှာဆိုရင် ညအမှောင် သားကောင်များမလှုပ်ဘဲအိပ်နေတဲ့အချိန်မှာသာ တိုက်ခိုက်စားကြတာကြောင့် အချို့ငါးငယ်လေးများနေ့တွင်မြင်၍မတိုက်ခိုက်ခံရသေးခင် ပိုင်ရှင်များက ငါးအချင်းချင်းတည့်ပြီထင်နေတတ်ကြပါတယ် ညရောက်မှ အစားခံရပြီးမနက်မတွေ့ရှိကြတော့တာကိုလဲကြုံဖူးကြမှာပါ
* Tankmates = tankmate အနေနဲ့ရွေးချယ်မည်ဆိုပါက monster type ထဲက ရန်လိုမှုနည်း အကောင်ကြီးမားသောငါးမျိုးများကိုရွေးချယ်သင့်ပါတယ် e.g arrowana / silver dollar / stingray etc…
* ထိန်းသိမ်းဂရုစိုက်မှု = အသားငါးစိမ်းများကိုအဓိကထားကျွေးပါက အစာအကြွင်းအကျန်များက ရေထဲတွင်မှိုတက်ကာ nitrogen စက်ဝန်းကိုထိခိုက်ကာ ရေကိုအဆိပ်သင့်စေနိုင်ပါတယ် ဒါကြောင့် ပုံမှန်အစာအကြွင်းအကျန်များကိုစုပ်ထုပ်ဖယ်ရှားခြင်းနှင့် အပါတ်စဉ် ရေ၅၀% လှဲလှယ်ပေးခြင်းကပိုအဆင်ပြေစေပါတယ်
* ကန်အပြင်အဆင် = Bichir ငါးတွေဟာ သဘာဝမှာဆိုရင် ရွံ့သဲမြေများထူထပ်သော ကန်အောက်ခြေကြမ်းပြင်မှာ ကျက်စားကြပါတယ် ဒါကြောင့် အလှမွေးကန်ထဲမွေးမည်ဆိုပါက ကန်အောက်ခြေတွင်သဲ မြေ များခင်းပေးထားနိုင်ပါတယ် ဒါ့အပြင် သစ်ဆွေးတုန်း ကျောက်စရစ်ငယ်များစသည်ဖြင့် အလှဆင်ထည့်ပေးနိုင်ပါသေးတယ် မီးအလင်ရောင်ကတော့ ခပ်မှိနိမှိန်သာထွန်းပေးသင့်ပါတယ်
* အထီးအမခွဲနိုင်ခြင်း = သာမန်အားဖြင့်တော့ bichir ငါးတွေကို အထီးအမခွဲခြားနိုင်ဖို့ရန်ခက်ခဲပါတယ် ဒါပေမဲ့အရွယ်ရောက်ပြီးငါးများမှာဆိုရင်တော့ ယျေဘုယျခွဲနိုင်ပါတယ် dorsal နဲ့ anal fins တွေဟာ ပိုပြန့်ပိုကားပြီး အရွယ်ကြီးမားသောငါးများဟာ အမများဖြစ်ပါတယ်
* အခြားအရောင်များ = အဖြူ / မီးခိုး / သစ်ရွက်ခြောက် / အဝါ etc…
* ဆောင်ရန်ရှောင်ရန် = ငါးကန်အမြင့်ထက်အကျယ်ကိုပိုသဘောကျကြပါတယ် bichir တွေဟာမခုန်တတ်ပါဘူးဒါပေမဲ့ အပြင်ကို မှန်ကန်နုံရံအတိုင်းကပ်ပြီး ထွက်နိုင်ပါတယ် ဒါကြောင့်အဖုံးအုပ်သင့်ပါတယ်
#မှတ်ချက် ။ ။ Monster type ဖြစ်လို့ အစာကျွေးရတာခက်ခဲတာကလွဲလို့ တခြားဂရုစိုက်မှုများက ပုံမှန်လုပ်ပေးယုံနဲ့အဆင်ပြေတာမလို့ beginner / intermediate သမားများမွေးမြူနိုင်ပါတယ်
*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ*




