11 ပတ် - ဘာသာပြန်ပါ။

ထိုင်းမှာ လမ်းဖြတ်ကူးရင်း ကားတိုက်ခံရသည့် မြန်မာအလုပ်သမား ၁ ဦး သေဆုံး

စက်တင်ဘာ ၁၈

ထိုင်းနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတစ်ဦးဟာ လမ်းဖြတ်ကူးစဥ်မှာ ကားတိုက်ခံရပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

သေဆုံးသွားသူက ထိုင်းနိုင်ငံ ချွန်ဘူလီမြို့မှာနေထိုင်တဲ့ ကိုစိုးတင့် ဆိုသူဖြစ်တယ်လို့သိရပြီး သူဟာ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က လမ်းဖြတ်ကူးချိန်မှာ တစ်ဖက်လမ်းကလာတဲ့ကားနဲ့ တိုက်မိပြီး ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကိုစိုးတင့် ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက မြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း စက်တင်ဘာ ၁၆ ရက်၊ ညပိုင်းမှာတော့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက် ညနေပိုင်းကလည်း လမ်းလျှောက်နေတဲ့ မြန်မာအလုပ်သမား ၂ ဦး ကားတိုက်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခု ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

# centralnewsnaypyitaw

imageimage