ငံပြာရည် ကြက်သားပြုတ် နူးညံ့ပြီး အရည်ရွှမ်းတဲ့အသား ချက်နည်းနဲ့ ချဥ်ငံစပ် ပင်လယ်စာအချဥ်ရည် လုပ်နည်း
​ပါဝင်ပစ္စည်းများ......
* ​ကြက်ပေါင်နဲ့ တင်ပါးဆုံသား - ၁ ကီလိုဂရမ်
* ​စပါးလင် - ၄ ပင် (ထုထားပါ)
* ​နံနံပင်အမြစ် - ၅ ပင်
* ​ကြက်သွန်ဖြူ - ၈ မြွှာ (ထုထားပါ)
* ​ငရုတ်ကောင်းမှုန့် (အကြမ်းထု) - စားပွဲတင်ဇွန်း ၁ ဇွန်း
* ​ရေသန့် - ၁,၅၀၀ မီလီလီတာ
* ​ငံပြာရည် - စားပွဲတင်ဇွန်း ၈ ဇွန်း
​* ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း ၄ ဇွန်း
​ * ပဲငံပြာရည်အနောက် - စားပွဲတင်ဇွန်း ၁ ဇွန်း
* ​အုန်းသကြား - စားပွဲတင်ဇွန်း ၂.၅ ဇွန်း
​ချဥ်ငံစပ်အချည်ရည်လုပ်ရန် ပါဝင်ပစ္စည်းများ...
* ​ငရုတ်သီးအနီတောင့် - ၅ တောင့်
* ​ကြက်သွန်ဖြူ - ၃ မြွှာ
* ​နံနံပင်အမြစ် - ၂ ပင်
* ​အုန်းသကြား - စားပွဲတင်ဇွန်း ၁ ဇွန်း
* ​ငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
* ​သံပရာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
(အားလုံးကို ရောပြီး ညက်နေအောင် ကြိတ်ပါ။)
​ပြုလုပ်နည်း.......
​၁။ အိုးထဲမှာ စပါးလင်၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်တို့ကို အရင်ဆုံးထည့်ပါ။ ပြီးမှ ကြက်သားကို အပေါ်ကနေ တင်ပေးပါ။
​၂။ ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက် နဲ့ အုန်းသကြားတို့နဲ့ အရသာနယ်ပါ။ ပြီးရင် ရေသန့်ထည့်ပါ။
​၃။ အိုးကို အပူချိန်ပြင်းပြင်းနဲ့ တည်ပါ။ ပွက်ပွက်ဆူလာတဲ့အခါ အလယ်အလတ်အပူချိန်ကို လျှော့ပြီး အပေါ်က အမြှုပ်တွေကို ခပ်ထုတ်ပေးပါ။ ပြီးနောက် မိနစ် ၃၀ ခန့် ဆက်ပြီးပြုတ်ပါ။
​၄။ ကြက်သားကို တစ်ဖက်လှန်ပြီး နောက်ထပ် မိနစ် ၃၀ လောက် ဆက်ပြုတ်ပါ။ ကြက်သားနူးအိပြီး အရသာဝင်သွားပြီဆိုရင် မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။
​၅။ ပင်လယ်စာအအချဥ်ရည်နဲ့ တွဲဖက်ပြီး အရသာရှိရှိ စားသုံးနိုင်ပါတယ်။

image