တစ်နေ့ကျ
ပန်းတွေ ပျိုးမယ်၊ သစ်ပင်တွေ စိုက်မယ်။
လူတွေ၊ အခိုးအငွေ့တွေ မရှိတဲ့ အရပ်မှာ
အေးချမ်းစွာ ရှင်သန်မယ်။
ဝတ္ထုတိုလေးတွေ ရေးပြီး
ချစ်ရသူကို ဝေဖန်ခိုင်းမယ်။
ပျော်စရာတွေရှိတဲ့ ကမ္ဘာကို ဖန်တီးမယ်။
ပျော်စရာတွေမဲ့တဲ့ ကမ္ဘာကို စွန့်လွှတ်မယ်။

- နော်ယာ