1 ရက် - ဘာသာပြန်ပါ။

Skincareကို ခုမှ စပြီးသုံးမယ့်သူနဲ့ Skincare တစ်မျိုးကနေ နောက်တစ်မျိုးပြောင်းသုံးတဲ့သူတွေမှာ အဖြစ်အများဆုံးမို့ ဒါကိုမသိထားလို့ကို မရပါတာပါနော်😇
Glow / glass skin လေးမရခင် skin purging အဆိပ်ထုတ်ကာလကို ဖြတ်ကျော်ရတယ်ဆိုတာ သိမှသာ အကျိုးရှိမှာပါနော်💓
#အဆိပ်ထုတ်ကာလ(ခေါ်) #skin_purging အကြောင်း
Ludi တို့ Skin Care အသစ် စသုံးကြည့်လိုက်တယ်။
မျက်နှာမှာ အဆီဖုတွေ(whiteheads/blackheads) ၀က်ခြံတွေ #ကန်ထွက်လာလို့
ဆက်မသုံးဖြစ်တော့တာတွေ ရှိမှာပါနော်။
ကိုယ်စျေးကြီးပေးဝယ်ထားရတဲ့ ပစ္စည်းတွေဆို
အရမ်းကိုနှမြောကြတာပါပဲ။
အဲ့မှာ တစ်ခု သတိချပ်စရာက Skin Purging ဆိုတဲ့
အခြေအနေလေး ရှိပါတယ်။
ပထမဆုံး ပစ္စည်းသစ် စသုံးလိုက်တယ်။
အဲ့ပစ္စည်းမှာ ပါတဲ့ Active Ingredient တစ်ခုခု (especially retinoids, vitamim C, glycolic acid, salicylic acid) သည်
အရေပြားပေါ်က cell တွေရဲ့ cell cycle ခေါ်တဲ့
ဇီ၀ရုပ်ဖြစ်စဉ် မြန်စေပါတယ်။
Cell အဟောင်းအသစ်ဖြစ်တဲ့ Rate
မြန်လာတယ်ပေါ့နော်။
(#cell_turn_over_rate)
Turn Over Rate မြန်လာတာနဲ့ အမျှ
#dead_skin_cell တွေ ကြွေတာ ပိုမြန်လာပါတယ်။ ကျန်းမာတဲ့ Cell လေးတွေ မျက်နှာပေါ် မရောက်ခင်
အရင်ရှိနေတဲ့ အဆီတွေ
အရေပြားလန်တဲ့အဖတ်လေးတွေဟာ
စုပေါင်းပြီးတော့ ချွေးပေါက်ထဲမှာ သွားစုပိတ်ပါတော့တယ်။
ဆိုတော့ကာ(pimple/whiteheads/blackheads)တွေ
စုပြုံပီး ဘုစိဘုစိလေးတွေ ပေါက်လာနိုင်ပါတယ်။
အလုံးအရေအတွက် အမျိုးအစားကတော့
ကိုယ့် Skin အနေအထားတွေနဲ့ ဆိုင်တာပေါ့နော်။
#ဒီဖြစ်စဉ်ကိုအဆီဖုတွေဝက်ခြံတွေကန်ထွက်ခြင်း
(Skin Purging) လို့ခေါ်ပါတယ်။
Skin Purging ဖြစ်တယ်ဆိုတာ
Break out ဖြစ်တယ်
Reacting ဖြစ်နေတယ် ဆိုတာနဲ့ မတူပါဘူး။
#purging က ကိုယ့်မျက်နှာမှာ
အဖုပေါက်နေကျနေရာတွေမှာ ပေါက်လာတတ်ပါတယ်။
(Breakout ကတော့
ပေါက်နေကျ နေရာမဟုတ်တာတွေမှာပါ
ပေါက်လာပီး ပြူးပြဲ နီရဲရောင်ယမ်းနေတာမျိုးပါ)
Purging သည် Break out ဖြစ်တာလောက်လဲ
ရက်မကြာဘဲ ပြန်ပျောက်တယ်ပါတယ်
Purging သည် ၄ပတ်ကနေ ၆ပတ်လောက်ထိ
ကြာတတ်ပါတယ်
အဲ့ထက်လဲ စောတာမျိုး ရှိပါတယ်။
(cell cyle သည် 28 days ရှိတာရယ်
လူတိုင်းရဲ့ #skinသည်_uniqueဖြစ်တာမို့
အချိန်ကတော့ Variable ဖြစ်နိုင်ပါတယ်နော်)။
ဆိုတော့ Purging ဖြစ်ခြင်းသည်
#temporary ပဲ ဖြစ်ပါတယ်။
#better_skin_ရဖို့အတွက်
ဒါလေးတွေ ကျော်ဖြတ်ရပါတယ်တဲ့။
Purging ပီးသွားတဲ့အခါ
မျက်နှာက #healthy, #smooth and
#clear_skin လေး ရရှိလာမှာ ဖြစ်ပါတယ်
ဝယ်ထားပီး မသုံးဘဲ ပစ်ထားရတဲ့ ပစ္စည်းတွေ
သုံးဖို့ ပြောတာ ဟုတ်ပါဘူးနော်။
တကယ် မတည့်တာတွေ ရှိပီး
ပြန်သုံးလိုက်မှ ဆေးရုံဆေးခန်းပြန်ပြနေရမှာ စိုးလို့ပါ။
Skin Purging ဆိုတဲ့ #state လေး
ရှိတယ်ဆိုတာလေး Sharing လုပ်တာပါ။
စာရှည်သွားတဲ့ အတွက်တော့ sorry ပါရှင့်။
🙆🏻‍♀️❣
#crd: Ruinyy Ludi

image