5 ပတ် - ဘာသာပြန်ပါ။

ဒီစာအုပ်ပါးပါး‌လေးက တော်တော်ကို စကားပြောသွားတာ လူတွေက ကိုယ့်လုပ်လိုက်တဲ့၊
ကိုယ့်အတွက် သာယာစရာဖြစ်တဲ့ မမှန်မကန်လုပ်ရပ်တစ်ခုက တခြားလူတွေ မသိနိုင်ဘူးဆိုရင် စိတ်ထဲမှာ လွန်ဆွဲနေရော ။
စိတ်ပိုင်းဆိုင်ရာကို စီစစ်မယ်ဆိုရင် သတိတော်တော်ကောင်းတဲ့ သူတွေမှသာ သိနိုင်တဲ့ အလွှာပါးပါးလေးတွေ ရှိပါတယ်။ဒီစိတ်က ‌တော်ရုံလူကို ကိုယ်ကိုယ့်ကို ညာမိသွားစေနိုင်တယ်။
ဒီထဲက အမျိုးသမီးဇာတ်ကောင်ဟာ လင်ယောကျာ်းရှိရက်နဲ့ ဖောက်ပြန်မိတယ် ဒါကြောင့်သူမဟာ ဒီရှက်စရာ ပြစ်ဒဏ်အတွက် အနီရောင်အမှတ်အသားအက္ခရာ A ပါတဲ့ ဝတ်စုံကို
သူတစ်လျှောက်လုံး ဝတ်ဆင်ရတော့တယ်၊ဒီဝတ်စုံကို ဝတ်ထားရုံနဲ့ လူတွေက အိမ်ထောင်‌ရေးဖောက်ပြန်မှန်း သိနိုင်တယ်။သူဖောက်ပြန်တယ် ဆိုပေမဲ့ သူမဟာ သူဘယ်သူနဲ့ ဖောက်ပြန်ကြောင်း မည်သူတစ်ဦးကိုမှ မသိစေဘူး၊နောက် သူမ အမျိုးသားဟာ သူမကာကွယ်ပေးနေတဲ့
ဒီရှက်စရာလုပ်ရပ်လုပ်ထားတဲ့ သူကို ဖြေးဖြေးချင်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေလုပ်တော့တယ် ။
ဒီစာအုပ်ထဲမှာဆိုရင် အသိဉာဏ်ရှိတဲ့ သူတွေဟာ ကိုယ်ပြုမူထားတဲ့ မသင့်မထိုက်တဲ့ကိစ္စတွေကို လုပ်မိသွားရင် မည်သူတစ်ဦးမှ သတ်စရာမလိုဘဲ ကိုယ်ကိုယ်တိုင်မှာပဲ သေဆုံးကြတာကိုတွေ့ရတယ်၊
လုပ်ရပ်နောက် တာဝန်ခံမှု ၊တာဝန်ယူမှုကပဲ သူ့ကိုယ်သူ ကယ်တင်နိုင်တယ်ဆိုတာ ပြသွားတယ်၊နောက်ပြီး ဒီစာအုပ်မှာ အလှဆုံးက ဇာတ်သိမ်းပါပဲ၊ မဖတ်ရသေးရင်ဖတ်ကြည့်ဖို့ပြောချင်ပါတယ်။
ညီမ ဒီစာအုပ်ကို ထပ်ဖတ်ချင်ပါသေးတယ် တစ်ကယ်လို့ pdf file ရှိရင် linkလေးချပေးကြပါအုံး ။
ဖတ်တုန်းက ဆရာ မာန်သစ်နိုး ဘာသာပြန်ချက်ကို ဖတ်ခဲ့တာပါ။ဆရာ မောင်ထွန်းသူ နှင့် ဆရာတင့်တယ် လည်း ဘာသာပြန်ထားပါသေးတယ်🤍
#photocrd_to_owner

image