5 ပတ် - ဘာသာပြန်ပါ။

စိတ်အရမ်းပူတတ်တဲ့သူက
ဘာမှ ဝင်မပြောတော့တဲ့အထိ
တိတ်ဆိတ်သွားတာမျိုး တွေ့ခဲ့ဖူးလား။
မပြောဖြစ်တော့ဘူးဆိုတာ
ပြောလဲ ထူးမှာ မဟုတ်တော့ဘူးဆိုတဲ့
အသိတရား ရသွားခဲ့တာပါ
ဒါကြောင့်ပဲ
ပြောချင်တဲ့ စိတ်တွေရှိပေမယ့်
မပြောပဲ နေလိုက်တာပါ ။
အရမ်းချစ်ပြခဲ့ပြီး
ခုမှ ဘာလို့ ဆက်ပြီးမချစ်တော့တာလဲတဲ့
နာကျင်ရလို့လို့ပြောရင် ယုံပါ
နေရာတကာ စိတ်ပူပေးခဲ့
နေရာတကာ စိုးရိမ်ပေးခဲ့တာတွေဟာ
အနှောင့်အယှက်မှန်းသိလာတဲ့အခါ
မနှောင့်ယှက်ပဲ နေဖြစ်လာတယ်
ပြီးတော့...
အချိန်အကြာပြီး ပစ်ထားခံရပြီးမှ
နေသားကျလာတာပါ
လွယ်လွယ်လေးနဲ့ နေနိုင်လာတာမဟုတ်ဘူး
နေနိုင်အောင် ပစ်ထားခဲ့ပြီး
နေနိုင်သွားတဲ့အခါမှ
ငါ့အပြစ်ဆိုပြီး အပြစ်တွေမဖွဲ့ပါနဲ့
အဲ့လိုနေတတ်လာအောင်
မင်းကိုယ်တိုင်ပဲ သင်ပေးခဲ့တာ ။
#သျှင်ယွန်း