ငွေကြေးဥစ္စာမပြည့်စုံတဲ့သူမို့
ဘဝမှာရှင်သန်ရတာ ဘယ်လောက်ထိ
မျက်နှာငယ်ရကြောင်းကိုကိုယ်တိုင်အသိဆုံး
ကိုယ်ကိုတိုင်လည်း သိမ်ငယ်စွာမရှင်သန်ချင်သလို
ကိုယ့်မိဘမောင်နှမနှင့် ချစ်ရသူကိုပါ
အဆင်မပြေတဲ့ဘဝထဲ မနေစေချင်ဘူး
ပြည့်စုံအောင်ထားချင်တယ်
အလုပ်ပိုကြိုးစားမယ် ပိုက်ဆံများများရှာမယ်
ကိုယ့်အတွက်အရေးပါသူတိုင်းကို
စိတ်ချမ်းသာကိုယ်ကျန်းမာစွာ
တင့်တယ်စွာထားချင်တယ်
အိမ်မက်တွေရှိတယ်
အကောင်အထည်လည်းဖော်နေတယ်
တနေ့ဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်တယ်...။
