ကျနော်ရပ်နေခဲ့တယ်
ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင်
ပြန်ဆုံနိုင်လိမ့်အုံးမယ်အထင်နဲ့..

လူတွေညာတယ်
ကမ္ဘာဟာ တကယ်မှမလည်ပဲ
ဘယ်မှာပြန်ဆုံကြလို့လဲ.. ။

-ရိပ်ငြိမ်