လသာမြို့နယ်မှာ တိုက်ပေါ်ကနေပြုတ်ကျတဲ့ လူတစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သွားရောက်ကယ်တင်ခဲ့ရ
စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှာ ယနေ့ စက်တင်ဘာ ၁၇ ရက် မနက် ၂ နာရီခန့်က တိုက်ပေါ်ကနေပြုတ်ကျခဲ့တဲ့ အမျိုးသားတစ်ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သွားရောက်ကယ်တင်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာရှိတဲ့ တိုက်ပေါ်ကနေ ပြုတ်ကျပြီး အောက်မှာရှိတဲ့ ဂမုန်းပွင့်အဆောက်အဦးရဲ့ ပေါ်တီကိုအမိုးပေါ်မှာ တင်နေခဲ့တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာအနည်းငယ်တော့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယင်းဖြစ်စဥ်ဖြစ်ပွားတဲ့နေရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီးနဲ့ သွားရောက်ကူညီကယ်တင်ခဲ့ပြီး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိထားတဲ့ ၎င်းအမျိုးသားကို လသာမြို့နယ်(၂)ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှ သူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw


