5 w - Translate

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ချောင်းကူးတံတား ၁ စင်း ရုတ်တရက်ပြိုကျ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ချောင်းကူးတံတားတစင်း လမ်းသားတခြမ်း စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်က ရုတ်တရက် ပြိုကျပျက်စီးခဲ့လို့ လမ်းအသုံးပြုသူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အဲဒီ ရုတ်တရက်ပြိုကျခဲ့တဲ့ တံတားဟာ ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ တံတားအမှတ် ၂/၁၃၅ ညောင်ခြေထောက်မြို့နဲ့ အိုးဘိုကုန်းကျေးရွာကြားမှာ တည်ရှိပြီး မိုင်တိုင်အမှတ် ၁၃၄/၆ နဲ့ ၁၃၄/၇ ကြား တံတားရဲ့ ဘယ်အခြမ်း ပြိုကျပျက်စီးခဲ့တာလို့ သိရပါတယ်။

imageimage