ဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ အစ္စရေးရဲ့ မြေပြင်ထိုးစစ် စတင်

ဂါဇာစီးတီး၊ စက်တင်ဘာ ၁၇

အစ္စရေးစစ်တပ်ဟာ ဂါဇာမြို့တော်ကို သိမ်းပိုက်ဖို့ မြေပြင်ထိုးစစ် စတင်နေပြီလို့ ထုတ်ပြန်ကြောညာလိုက်ပါတယ်။

မြို့အတွင်းကို မြေပြင်စစ်ဆင်မှုတွေ ချဲ့ထွင်စတင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဒါဟာ ဟားမတ်စ်ရဲ့ နောက်ဆုံး ခြေကုက်လို့ ပြောပါတယ်။

ဂါဇာမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အမေရိကန်ဟာ စ်ဆင်ရေးကို ထောက်ခံပေမယ့် အမြန်အဆုံးသတ်ဖို့ လိုလားတယ်လို့ ပြောပါတယ်။

ဂါဇာမြို့တော်တဝိုက် အပြင်းထန်ဆုံး တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေပြီး အင်္ဂါနေ့မနက်မှစလို့ ဂါဇာကမ်းမြှောင်တခုလုံးမှာ ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

လူဦးရေ တသန်းနီးပါးနေထိုင်တဲ့ ဂါဇာမြို့တော်မှ လူဦးရေ သံုးသိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ ပြီး အစ္စရေးက မြို့သူမြို့သားအားလုံးအား မြို့တော်မှ ထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော ပဋိပက္ခမှာ ဂါဇာကမ်းမြှောင်ဒေသရှိ လူဦးရေ ၆၄၉၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဂါဇာမြို့တော်မှာ အစ္စရေးရဲ့ လက်ရှိ မြေပြင်ထိုးစစ်ကြောင့် ပါလက်စတိုင်းတွေ ပိုမိုသေဆုံးရတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှာကို နိုင်ငံတကာက စိုးရိမ်နေပါတယ်။

Ref: NHK
Photo:Anadolu

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image