ခုချိန်က သရက်သီးရာသီဆိုတော့
သရက်ယိုထိုးနည်းလေးဝေမျှပေးချင်ပါတယ်ရှင့် ။

သရက်သီးစိမ်းကိုအခွံခွာ
အမျှင်ရအောင်ဂျစ်နဲ့ခြစ်ထား
ထုံးနည်းနည်းကို ရေနဲ့ဖျော်ပြီး
ခုနကသရက်မျှင်တွေထည့်ပြီး
နာရီဝက်လောက်စိမ် ပြီးရင်ရေပြန်ဆေးချပြီး
ဇကာထဲထည့်ရေစစ်ပြီး
နေပူပူမှာတစ်ရက်လောက်လှန်းပေး
ချက်မယ့်အိုးထဲ ရေနဲ့သကြားခပ်များများထည့်ပြီး
စေးပျစ်လာတဲ့ထိကြိုပေး
ဆက်တိုက်မွှေပေးမှရမှာပါ မဟုတ်ရင်တူးသွားမယ်
စေးပျစ်လာရင် သရက်သီးထည့် ဆားထည့်ပြီး မွှေ
စေးကပ်သွားရင်ရပါပြီ ။

အစပ်စားချင်ရင် မဆလာနဲ့ငရုတ်စိမ်းမှုန့်ပါထည့်ပါ ။

သရက်သီးအနည်းအများပေါ်ကိုမူတည်ပြီး
ထုံးအနည်းအများထည့်ပါ။
သရက်သီးယိုမာဆတ်ဆတ်လေးစားချင်ရင်
သရက်သီးအစိမ်းကိုသာအသုံးပြုပါ။

Credit Htun Thiri

image