အမျိုးသားတစ်ဦးတို-က်ပေါ်မှပြု-တ်ကျပြီး ဂမုန်းပွင့်အဆောက်အဦးပေါ်တီကိုအမိုးပေါ်တင်နေ
ရန်ကုန်တိုင်း၊ လသာမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၇ ရက်နံနက် ၂ နာရီခန့်က အမျိုးသားတစ်ဦးတို-က်ပေါ်မှပြု-တ်ကျမှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ တို-က်ပေါ်မှအမျိုးသားတစ်ဦးပြု-တ်ကျကာ အောက်ဘက်မှ ဂမုန်းပွင့်အဆောက်အဦးပေါ်တီကိုအမိုးပေါ်သို့တင်နေသဖြင့် ကျောက်တံတားမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် နံနက် ၂ နာရီခွဲတွင်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိထား၍ နယ် မြေခံလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
