လောပီနံဥ စားပါက အထူးသတိပြုရန် -
လွန်ခဲ့တဲ့ (၃) ရက်က သူငယ်ချင်းတယောက်နဲ့ စိုက်ပျိုးရေးခြံက အပြန် ပီလောပီနံဥတွေ လက်ဆောင်ပေးလိုက်တယ် ။
အိမ်ရောက်တော့ ပြုတ်စားတယ် ။ ပြောရရင် သိပ်စားမကောင်းတော့ များလည်းများနေတာနဲ့ စားမကုန်ဘူးဖြစ်သွားတယ် ။
ဘာလုပ်ရင်ကောင်းမလည်းစဥ်းစားရင်း Google ခေါက်လိုက်တော့........
မြန်မာတွေပြောနေကျ စကားသွားသတိရတယ် ပီလောပီနံ ကို ပဲကြားလှော်နဲ့ တွဲ မစားရဘူးတို့ ၊ သကြားနဲ့ ဆို သေတယ်တို့ စသည်ဖြင့်ပေါ့ ။ တကယ်တမ်းက အဲ့တာတွေက ဘာအကိုးအကား အထောက်ထားမှ မတွေ့ရဘူး ။
ကျွန်တော် သွားတွေ့မိတာက ပီလောပီနံဥ (ကလောဥ) က အဆိပ်ပြင်းတဲ့ အကြောင်းသွားတွေ့တယ် ။
ဆိုတော့ ဘယ်လို အဆိပ်ပြင်းသလဲဆိုရင်.......
ပီလောပီနံဥမှာ အချိုမျိုးနဲ့ အခါးမျိုးဆိုတာရှိတယ် ။
အခါးဆိုတာတော့ ပြုပ်စားရင်တောင် ခါးသက်သက်နဲ့ ၊ အချိုဆိုတာကတော့ ကန်စွန်းဥလို ချိုတာမျိုးမဟုတ်ပဲ
မခါးလို့ အချိုမျိုးလို့ ခေါ်တာ ။
အဲ့တော့ ပီလောပီနံ အခါးမျိုး 300g (ကြက်ဥ ၅လုံးလောက် အလေးချိန်) မှာ အပေါ်က ပြောထားတဲ့ Cyanide အဆိပ်ဒြပ်ပေါင်း 300mg လောက်ပါပီးတော့
အချိုမျိုးကတော့ 6mg လောက် ပါသေးတာကို တွေ့ရပါတယ်။
လူတယောက်သေဖို့ အတွက် Cyanide အဆိပ်
100mg ဆို လုံလောက်ပါတယ် ။ ခုလိုပြောလို့ အရမ်းတော့ လန့်မသွားပါနဲ့ ။ ဒီအဆိပ်တွေက ဘယ်မှာ ရှိလည်းဆိုရင်
ပီလောပီနံဥ ရဲ့ အခွံမှာ ရှိပါတယ်။ ပွက်ပွက်ဆူတဲ့ ရေမှာ အချိန်ကြာကြာ ပြုတ်လိုက်ရင် ဒြပ်ပျယ်သွားတယ်လို့ဆိုပါတယ် ။
အရပ်စကားနဲ့ ပြောရရင် ပီလောပီနံ အဆိပ်သင့်တာကို တောက်တယ်လို့ ပြောကြတယ် ။ ဘယ်လိုဖြစ်ပီး တောက်သလဲဆိုတာ ဖြစ်နိုင်ချေကို ပြန်စဥ်းစားရင် လူ ၁၀၀ မှာ ၉၉ ယောက်က ပြုတ်တယ်ဆိုရင်လည်း အခွံပါ ထည့်ပြုတ်ကြတယ်။ ပီးတော့ ပြုတ်ထားတဲ့ အရည်တွေကလည်း အခွံပေါ်မှာ စိုပီးကျန်ခဲ့အုန်းမယ်။ အခွံကို လက်နဲ့ မခွာပဲ ငှက်ပျောသီးစားသလို သွားနဲ့ ကိုက်ခွာလိုက်တဲ့ ကလေးတွေလည်း ရှိကောင်းရှိမယ် ။ ပြုတ်ထားတဲ့ အတွက် အဆိပ်ပမာန အတော် နည်းသွားတော့ သေတဲ့ အဆင့်ထိ မရောက်ပဲ မူးတာ ၊ အန်တာ ၊ သတိလစ်သွားတာ မျိုးလောက်ပုံ ကြုံရတာမျိုးပါ ။
အခုချိန်ကာလမှာ ပီလောပီနံတွေ ပေါလာတဲ့ အချိန်ကာလမို့ အန္တရာယ် မဖြစ်အောင် အချိန်မှီ သတိပေးလိုတာမို့ အချိန်ကုန်ခံပီး စာအရှည်ကြီး ရေးပီး ရှင်းပြပေးလိုက်ပါတယ် ။
ပီလောပီနံဥစားမယ်ဆိုရင် ........
အစိမ်းကို ယောင်လို့မှ မကိုက်မိပါစေနဲ့ ။
အခွံကို ဓါးနဲ့ ခွာချပီး နူးအိနေအောင် သေခြာပြုတ်ပီးစားပါ ။
ရေခမ်းမပြုတ်ပဲ ရေများများနဲ့ ပြုတ်ပီးရင် ရေတွေ အကုန် သွန်ပစ်ပါ။
ပြုတ်ပီးရင်လည်း စိတ်ချရအောင် အပေါ်က
ရေအေနဲ့ အနှံ့ဆေးချပေးမယ် ဆိုရင် စိတ်ချလက်ချ
စားလို့ ရပါပြီး ။

image