Gmail Storage ပြည့်နေရင် ဒီလို ဖြေရှင်းကြည့်ပါ ‼️
အရင်ဆုံးအနေနဲ့ Gmail Storage ပြည့်နေရင် ဖြေရှင်းတဲ့ နည်းလမ်းတွေကို မပြောခင်မှာ ဘယ်လိုမျိုးပြသာနာတွေ ကြုံတွေ့နိင်လဲဆိုတာကို ပြောပြချင်ပါတယ်။
၁။ အီးမေးလ်များ လက်ခံမရတော့ခြင်း Google Storage ပြည့်သွားတာနဲ့ Email အသစ်တွေ ဝင်လာတော့မှာ မဟုတ်ဘဲ အားလုံး ပို့တဲ့သူဆီကို ပြန် bounce ပြန်သွားပါလိမ့်မယ်။
၂။ Google Drive တွင် ဖိုင်များ သိမ်းဆည်းမရတော့ခြင်း ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ဖိုင်တွေကို Google Drive မှာ သိမ်းချင်တဲ့အခါ Storage ပြည့်နေတဲ့အတွက် သိမ်းဆည်းလို့ရတော့မှာ မဟုတ်ပါဘူး။
၃။ Google Workspace (Docs, Sheets) အသုံးပြုရာတွင် အခက်အခဲဖြစ်ခြင်း Google Docs နဲ့ Sheets လိုမျိုး Online Software တွေမှာ ဖိုင်အသစ်တွေ ဖန်တီးလို့ရတော့မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ Gmail Storage တွေပြည့်နေရင် ဒီနည်းလမ်း (၄)ခုကို သုံးပြီး ဖြေရှင်းကြည့်နိင်ပါတယ်။
၁။ ဖိုင်ကြီးတွေကို ရှာဖွေပြီး ဖျက်ပါ
Gmail Storage အများစုကို နေရာယူထားတာက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပါတဲ့ အီးမေးလ်တွေပါ။ Google ရဲ့ Search Bar မှာ has:attachment larger:10M လို့ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် 10 MB ထက်ကြီးတဲ့ Attachment ပါတဲ့ အီးမေးလ်တွေ အားလုံးကို ရှာပေးပါလိမ့်မယ်။ အဲဒီအီးမေးလ်တွေကို ဖျက်လိုက်ပြီး Storage နေရာပြန်လွတ်အောင် လုပ်နိုင်ပါတယ်။
၂။ အဟောင်းဆုံး အီးမေးလ်တွေကို ဖျက်ပါ မလိုအပ်တော့တဲ့ အီးမေးလ်အဟောင်းတွေကို ရှင်းလင်းနိုင်ပါတယ်။ Search Bar မှာ older_than:3y (၃နှစ်ထက်ဟောင်းတဲ့ အီးမေးလ်) လို့ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ မိမိနှစ်သက်သလို 1y (၁နှစ်)၊ 5y (၅နှစ်) စသဖြင့် ပြောင်းလဲရိုက်ထည့်ပြီး ရှင်းလင်းနိုင်ပါတယ်။
၃။ Spam နဲ့ Trash Box တွေကို ရှင်းပါ အီးမေးလ်တွေကို ဖျက်ပြီးရင်တောင် သူတို့ဟာ Trash (အမှိုက်ပုံး) ထဲမှာ ရက် ၃၀ အထိ ရှိနေပါသေးတယ်။ ဒါကြောင့် အီးမေးလ်တွေ ဖျက်ပြီးတဲ့အခါ Trash Folder နဲ့ Spam Folder ထဲက အီးမေးလ်တွေကို "Empty" နှိပ်ပြီး အပြီးတိုင် ဖျက်ပစ်ဖို့ မမေ့ပါနဲ့။
၄။ မလိုအပ်တော့တဲ့ Newsletter တွေကို ရှင်းပါ Subscribe လုပ်ထားပြီး မဖတ်ဖြစ်တော့တဲ့ Newsletter တွေကလည်း အီးမေးလ်အများကြီး ဖြစ်လာနိုင်ပါတယ်။ Search Bar မှာ "unsubscribe" လို့ ရိုက်ထည့်ပြီး မလိုအပ်တော့တဲ့ မဂ္ဂဇင်းတွေ၊ Promotion Mail တွေ အားလုံးကို တစ်ပြိုင်တည်း ရှာဖွေဖျက်ပစ်နိုင်ပါတယ်။
၅။ Viber Backup & Google Photo Backup တို့ကိုလည်း မလိုအပ်ဘူးဆိုရင် ပိတ်ထားလိုက်ခြင်းအားဖြင့် Storage တွေ အလိုလျောက်ပြည့်လာခြင်းကို ကာကွယ်ပေးပါတယ်။
ကဲ...ဒါဆိုရင် မိတ်ဆွေရဲ့ Gmail Storage တွေကို မပြည့်ခင်မှာ ဒီနည်းလမ်းတွေကို သုံးပြီး ကြိုတင်ကာကွယ်ထားလိုက်ပါခင်ဗျာ။
