11 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် ပတ်သက်မရှိသည့် ထိုင်းဘဏ်အကောင့်များ အမြန်ဆုံး ပြန်ဖွင့်ပေးမည်
ထိုင်းနိုင်ငံ ဗဟိုဘဏ် (BOT) နှင့် ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းက အွန်လိုင်းငွေကြေးလိမ်လည်မှုများကို စုံစမ်းစစ်ဆေးရာတွင် ကြားညပ်ပါဝင်သွားသည့် အပြစ်မဲ့ပြည်သူများ၏ ဘဏ် အကောင့်များကို အလျင်အမြန်ပြန်ဖွင့်ပေးမည့် မူဝါဒသစ်တစ်ခုကို ကြေညာထားကြောင်း သိရသည်။
ကြားညပ်ပါဝင်သွားသည့် အပြစ်မဲ့ပြည်သူများ၏ ဘဏ်အကောင့်များအား ပြန်လည်ဖွင့်ပေးနိုင်ရေးဘဏ်များအား လမ်းညွှန်ချက်အသစ်တစ်ရပ်ပေးထားပြီး ယခင်က သုံးရက်မှခုနစ်ရက်အထိ ကြာမြင့်သည့် လုပ်ငန်းစဉ်အစား ယခုအခါ ဘဏ်အကောင့် ယာယီပိတ်သိမ်းခံရသူများအနေဖြင့် ဘဏ်ကိုဆက်သွယ်လာပါက လိမ်လည်မှုနှင့် ပတ်သက်မှုမရှိကြောင်း တွေ့ရှိပါကအများဆုံး တစ်ရက်အတွင်း ပြန်ဖွင့်ပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အသုံးပြုသူက တိုင်ကြားခြင်းမရှိပါကလည်း အပြစ်မရှိသည့် အကောင့်များအား အလိုအလျောက်ပြန်ဖွင့်ပေးမည့် စနစ်တစ်ခုကိုလည်း ရေးဆွဲနေပြီးတစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကာ အကောင့်ဆိုင်းငံ့ခံရသည့် သုံးစွဲသူအားလုံးကို ဖြစ်စဉ်ဖြစ်ပွားသည့် ညပိုင်းတွင် SMS (သို့မဟုတ်) မိုဘိုင်းဘဏ်စနစ်မှတစ်ဆင့် အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် ဘဏ်အကောင့်များအား လုံးဝပိတ်သိမ်းခြင်းမဟုတ်ဘဲ ငွေလိမ်လည်မှုတွင် သံသယရှိသည့်ငွေပမာဏကိုသာ ယာယီဆိုင်းငံ့ ထားခြင်းဖြစ်ပြီး ထိုသို့ဆိုင်းငံ့ခြင်းအား အများဆုံး ခုနစ်ရက်အထိသာ လုပ်ဆောင်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့ မှ အထောက်အထားအသစ်များ မတွေ့ရှိပါကဆိုင်းငံ့ထားခြင်းကို ချက်ချင်းပြန်ဖွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

image