အာဆီယံ ကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ကို မျှဝေဖော်ထုတ်ပြသခဲ့

စက်တင်ဘာ ၁၇

မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲတွင် မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့တို့ကို မြန်မာသံရုံးမှ မျှဝေဖော်ထုတ်ပြသကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

အာဆီယံအမျိုးသမီးအဖွဲ့နှင့် မနီလာမြို့ရှိ မလေးရှားသံရုံးတို့ ပူးပေါင်းပြုလုပ်သော အဆိုပါ ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025 အခမ်းအနားကို စက်တင်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက် မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်၏ ထူးခြားသော အရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြပွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးအပြင် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် အာဆီယံ အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်ဟုလည်း သိရသည်။

#centralnewsnaypyitaw

imageimage