11 ပတ် - ဘာသာပြန်ပါ။

ဂါဇာမြို့တော်သို့ မြေပြင်ထိုးစစ်များ အစ္စရေး စတင်ပြုလုပ်
−−−−−−−−−−−−−−−−−−−−−−−−−
အစ္စရေးစစ်တပ်က ဂါဇာမြို့တော်ကို သိမ်းယူရန် ယနေ့ (စက်တင်ဘာ ၁၆ရက်) အစောပိုင်းက မြေပြင်ထိုးစစ်များ စတင်လိုက်ကြောင်း အစ္စရေးတာဝန်ရှိသူ ၃ ဦးကို ကိုးကား၍ The News York Times သတင်းတစ်ရပ်တွင်ဖော်ပြသည်။
မြို့ထဲတွင် ဒေသခံ ရာပေါင်းများစွာသော ရှိနေသေးသော်လည်း မြို့တော်၏ အဓိကကျသော ဧရိယာကို ထိန်းချုပ်ရန် ထိုးစစ်များ စတင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုပြုလုပ်လိုက်သည့် မြေပြင်ထိုးစစ်နှင့် ပြင်းထန်လာသည့် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ပြီးဖြစ်သည့် စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာစေမည့် အန္တရာယ်ရှိနေသည်။
စက်တင်ဘာ ၁၅ ရက်အထိ လူပေါင်း ၃၀၀,၀၀၀ ကျော် မြို့မှ ထွက်ပြေးသွားသည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ထားသည်။ စက်တင်ဘာ ၁၆ ရက်အထိ မြို့ထဲတွင် ကျန်ရှိနေသေးသည့် ပါလက်စတိုင်း ၅သိန်းခန့်ကို အန္တရာယ်ရှိသောနယ်မြေမှ ထွက်ခွာရန် အစ္စရေးစစ်တပ်က သတိပေးထားသည်။
ဂါဇာမြို့ အနောက်ပိုင်း ကမ်းရိုးတန်းအနီးရှိ တိုက်ခန်းတစ်ခုတွင် ခိုလှုံနေသူ ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သည့် မွန်တာဆာဘာဂျာက “ကျွန်တော်တို့အားလုံး ကြောက်လန့်နေကြပါတယ်၊ အခုလို ကြုံတွေ့နေရတာတွေထက်စာရင် သေရတာကပိုပြီး သက်သာရာရပါလိမ့်ဦးမယ်” ဟု ပြောသည်။
ဟားမတ်စ့်တို့၏ ဖမ်းဆီးခံထားရသော အစ္စရေးစစ်သား မက်တန်အန်ဂရက်စ်၏ မိခင်က "ဒါဟာ သူတို့ရဲ့ နောက်ဆုံးညဖြစ်မှာကို ကျွန်မတို့ အရမ်းစိုးရိမ် ကြောက်လန့်နေကြပါတယ်။ အသက်ရှင်နေဆဲဖြစ်တဲ့ ဓားစာခံတွေဟာ သူတို့ရဲ့ အသက်တွေနဲ့ လဲလှယ်ရမှာ၊ အဲ့ဒီမှာ အစအနပျောက်သွားမှာကို ကျွန်မတို့ စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။
−−−−−−−−−−−−−−−−−−−−
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဂါဇာမြို့တွင်းရှိ အဆောက်အအုံများကို စက်တင်ဘာ ၁၅ ရက်က တွေ့ရပုံ။

image