❝မန္တလေး Sky Villa အဆောက်အအုံ၌ ဆောင်ရွက်နေသည့် ရှာဖွေမှုလုပ်ငန်းများ အပြီးသတ်ရပ်နား❞

စက်တင်ဘာ ၁၆

မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံ၌ ဆောင်ရွက်နေသော ရုပ်အလောင်းရှာဖွေမှုလုပ်ငန်းများကို အပြီးသတ်ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အဆိုပါ Sky Villa အဆောက်အအုံ၌ ငလျင်ကြီးအပြီး ခြောက်လနီးပါးကြာအောင် ရုပ်အလောင်းရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ (၁၅)ရက်အထိ ရုပ်အလောင်း (၂၀၇) ကို ရှာဖွေပေးနိုင်ခဲ့သည်။

အလားတူ လူပေါင်း (၅၂) ဦးကိုလည်း အသက်ရှင်လျက်ကယ်ထုတ်နိုင်သည်ဟုလည်း သိရပြီး ယခုအခါ အဆိုပါကွန်ဒိုပြိုကျမှုအတွင်း သေဆုံးခဲ့သူများကို တစ်ဦးလျှင် ကျပ်သိန်း (၁၀၀)နှုန်းဖြင့် ယင်းကွန်ဒိုကို တည်ဆောက်ခဲ့သည့် NTL Company မှ ပေးအပ်လျှက်ရှိရာ စက်တင်ဘာ (၈) ရက်က (၇၂) ဦး၊ စက်တင်ဘာ (၁၅) ရက်က (၇၄) ဦး ထောက်ပံ့ကြေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image