❝ထိုင်းထဲကိုခိုးဝင်တဲ့ နောက်ထပ် မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီကနေ့မှာ ထပ်မံအဖမ်းခံရပြန်❞

စက်တင်ဘာ ၁၆

ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၁၃ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၆နာရီခွဲခန့်မှာ ကန်ချနဘူရီခရိုင် သာခနွန်ခရိုင် အနီး ယာဉ်သုံးစီးပေါ်ကနေ ထပ်မံဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။

မနေ့ကဖြစ်တဲ့ စက်တင်ဘာ ၁၅ ရက်၊ ည ၁ဝ နာရီကျော်ခန့်ကလည်း အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၅၃ ဦးတို့ကို ကားသုံးစီးပေါ်ကနေပဲ ထိုင်းအာဏာပိုင်တွေက ကန်ချနဘူရီပြည်နယ်၊ ထောင်းဖာဘူမြို့နယ်၊ အူးလောင်းကျေးရွာကနေ ဖမ်းမိခဲ့ပါသေးတယ်။

ဒီနေ့ထပ်မံဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၁၁၃ ဦးထဲမှာ အမျိုးသား ၇၃ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ ခေါင်းဆောင်၂ ဦးပါဝင်တယ်လို့ သိရပြီး သူတို့ဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့အတွက် ပွဲစားကို ဘတ်ငွေ ၁၅၀၀၀မှ ၂၀၀၀၀ အထိ ပေးခဲ့ရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားသလို အရေးယူမှုတွေပြုလုပ်ဖို့ အောင်ဖုံ ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ယခုလို ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ယခု စက်တင်ဘာလအတွင်း လမကုန်ခင်မှာကိုပဲ ၆၀၀ ကျော်အထိ ရှိနေပြီလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#centralneesnaypyitaw

image
image
image
image
image