5 w - Translate

ခွင့်လွှတ်တယ်
သည်းခံတယ်ဆိုတာ
အနေလို့မဟုတ်သလို
ကြောက်နေတာလဲ မဟုတ်ဘူး။
ကိုယ့်စိတ်ကိုအရောင်ဆိုးမဲ့သူတွေကို
နောက်ထပ်မပတ်သက်ချင်တော့တဲ့သဘောပါ။
ကိုယ့်ဘာသာ အေးအေးဆေးဆေးနေသလောက်
အပူပေးချင်သူက ခပ်များများရယ်။
ကိုယ့်ကိုထိခိုက်အောင်လုပ်တဲ့လူတွေကို
ပြန်ပြီး လက်စားချေတတ်တယ်
နာကျင်အောင်စကားလုံးနဲ့
ပြန်သတ်တတ်တယ်
ဒါပေမယ့်
ကိုယ်မလုပ်ခဲ့ဘူး
ငါ့လိုမျိုး နာကျင်သွားမလားဆိုပြီး
ဖြည့်တွေးလိုက်ပေမယ့်
တချို့က
ကိုယ့်မေတ္တာနဲ့ လုံးဝ
မထိုက်တန်တော့တာကြောင့်
စွန့်လွှတ်ခြင်းကိုပဲ ရွေးချယ်လိုက်တယ်။
မုန်းတဲ့လူရယ်လို့သပ်သပ်မရှိပေမယ့်
မပတ်သက်ချင်တော့တဲ့လူအနည်းစုတော့ရှိတယ်။

image