11 ပတ် - ဘာသာပြန်ပါ။

AA ခေါင်းဆောင်နှင့် မွတ်စလင် အသိုင်းအဝန်း တွေ့ဆုံ

စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် အသိုင်းအဝန်းနှင့် အာရက္ခတပ်တော်/ရက္ခိုအမျိုးသားအဖွဲ့ချုပ်(AA/ULA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်ကို ရခိုင်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် KIA ဌာနချုပ် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ကနေ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာပြီး ဒေသခံများ၊ မွတ်စလင် အသိုင်းအဝန်းများဖြင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် AA က ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး မြန်မာ့တပ်မတော်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားသည်။

#centralnewsnaypyitaw

image
image
image
image