Oracle ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဖြစ်တဲ့ Larry Ellison ဟာ အခုဆိုရင် အသက် ၈၀ အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ် သူဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ စတုတ္ထအကြိမ်မြောက် အိမ်ထောင်ရေးအဖြစ် တရုတ်နိုင်ငံဖွား Jolin Zhu နဲ့ လက်ထပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်
Jolin Zhu ဟာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး Larry Ellison ထက် အသက် ၄၇ နှစ်နီးပါးငယ်ရွယ်ပါတယ် သူတို့ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဘယ်သတင်းမီဒီယာတွေကိုမှအသိပေးခဲ့ခြင်းမရှိပါဘူး
သူတို့ရဲ့လက်ထပ်ထိမ်းမြားမှုကို ပထမဆုံးအကြိမ်သိရှိခဲ့ကြတာကတော့ University of Michigan ကနေ သူတို့ဇနီးမောင်နှံကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့တဲ့အခါမှာဘဲဖြစ်ပါတယ် Jolin Zhu ဟာ ၂၀၁၂ ခုနှစ်မှာ University of Michigan ကနေ နိုင်ငံတကာရေးရာဘွဲ့နဲ့ ဘွဲ့ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ် သူမကို တရုတ်နာမည်ဖြစ်တဲ့ Zhu Keren လို့လည်း လူသိများပါတယ်
Jolin Zhu ဟာ နာမည်ကြီး တရုတ်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Zhuo Shuhui ရဲ့သမီးဖြစ်တယ်လို့ ကောလာဟလသတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ် ဒါပေမဲ့ ဒီသတင်းတွေဟာ တရားဝင်အတည်ပြုချက်မရှိသေးပါဘူး သူမဟာ လူသိရှင်ကြားနေရာတွေကို သိပ်ပြီးထွက်လေ့မရှိတဲ့အပြင် Larry Ellison နဲ့လည်း လျှို့ဝှက်စွာဘဲဆက်ဆံရေးရှိခဲ့တာကြောင့် လူအများကစိတ်ဝင်စားခဲ့ကြပါတယ်
သူတို့နှစ်ဦးဟာ အသက်ကွာတဲ့အပြင် Larry Ellison ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတာကလည်း သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးသတင်းကို လူတွေကပိုစိတ်ဝင်စားစေခဲ့ပါတယ် အချို့က Larry Ellison ရဲ့ ဂုဏ်ပုဒ်နဲ့ အောင်မြင်မှုတွေကြောင့် လက်ထပ်တယ်လို့ ဝေဖန်မှုတွေရှိသလို တချို့ကလည်း သူတို့နှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တဲ့အတွက် လေးစားမှုကြောင်းပြောဆိုခဲ့ကြပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts