◾️ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်းလမ်းတစ်ခြမ်းပြိုကျ
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိချောင်းကူးတံတားတစ်စင်းမှ လမ်းတစ်ခြမ်းမှာ ယမန်နေ့(စက်တင်ဘာ ၁၅ ရက်) ညနေ ၄ နာရီခန့်က ရုတ်တရက်ပြိုကျပျက်စီးခဲ့ကြောင်း ဆင်ဖြူတော်လူမှုကူညီရေးအသင်းထံမှသိရသည်။
"ကျွန်တော်တို့တောင်ငူဘက်ကပြန်လာတာ။ ကျွန်တော်တို့ရှေ့မှာပဲဖြစ်သွားတာ။ ပြိုကျတဲ့အချိန်ကားတစ်စီးကလည်းဖြတ်နေတဲ့အချိန် လွတ်သွားလို့တော်သေးတယ်။ အခုကားလမ်းကတစ်ဖက်ထဲအသုံးပြုနေရတော့ ယာဉ်ကြောကျပ်တာတော့ရှိတယ်။ ဒေသခံပရဟိတအသင်းတွေကတော့ အန္တရာယ်မဖြစ်ဖို့ယာဉ်ကြောရှင်းလင်းရေးတွေလုပ်ပေးနေတယ်" ဟုဆင်ဖြူတော်လူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတံတားမှာ ညောင်ခြေထောက်မြို့နှင့် အိုးဘိုကုန်းကျေးရွာကြားရှိ ချောင်းကူးတံတားတစ်စင်းဖြစ်ပြီး မော်တော်ယာဉ်များမှာ လမ်းတစ်ခြမ်းတည်းသာ ဖြတ်သန်းမောင်းနှင်နေရကြောင်း သိရသည်။
သတင်း - ပိုင်လေး
#ပြည်တွင်းသတင်း