အဆုတ်ရောင်ခြင်း
* pneumonia ဆိုသည်မှာ ရောဂါပိုးများကြောင့်
အဆုတ်ရောင်ခြင်းကို ဆိုလိုပါသည်။
* စနစ်တကျ ကုသလျှင် ၂-၄ပတ်အတွင်း
ပျောက်ကင်းပါသည်။
* ကလေးများ၊ အသက်ကြီးရင့်သူများ၊ နှလုံး နှင့်
အဆုတ်ရောဂါ အခံရှိသူများတွင် ရောဂါ
ပြင်းထန်နိုင်ပါသည်။
* Pneumonia သည် မြန်မာနိုင်ငံတွင် ကလေးငယ်
များသေဆုံးစေနိုင်သော ထိပ်ဆုံးရောဂါများ
အနက် တစ်ခုဖြစ်ပါသည်။
@@ ဘာကြောင့်ဖြစ်တာလဲ?
* ဘက်တီးရီးယားပိုး
* ဗိုင်းရပ်စ်ပိုး
* မှို
* အစားအသောက်၊ ရေ၊ နို့ သည်းခြင်း
* ပြင်ပမှ ပစ္စည်းတစ်ခု အဆုတ်အတွင်း
မတော်တဆ ဝင်းသွားခြင်း
@@ ရောဂါလက္ခဏာများ
* ချောင်းဆိုးခြင်း
* ဖျားခြင်း
* မောခြင်း
* အသက်ရှူမြန်ခြင်း
* အန္တရာယ်ရှိသော လက္ခဏာများ
* တက်ခြင်း၊ သတိလစ်ခြင်း
* ကလေးမှိန်းခြင်း
* နို့မစို့နိုင်ခြင်း၊ မသောက်နိုင်ခြင်း
* မကြာခဏ အန်ခြင်း
* ခြေဖျားလက်ဖျား၊ နှုတ်ခမ်း ပြာခြင်း
* အသက်ရှူစဉ် ပုံမှန်မဟုတ်သော အသံကြားရ
ခြင်း
* အသက်ရှူရ ခက်ခဲခြင်း
* အာဟာရ ချို့တဲခြင်း
@@ ကုသခြင်း
* ဆေးရုံ၊ ဆေးခန်း ပြရန် လိုအပ်ပါသည်။
* ပိုးသတ်ဆေး ထိုးဆေး၊ သောက်ဆေး နှင့် ကုသ
ပျောက်ကင်းနိုင်ပါသည်။
* ပိုးသတ်ဆေး ၁-၂ပတ်ခန့် လိုအပ်နိုင်ပါသည်။
* အောက်ဆီဂျင်ကျလျှင် အောက်ဆီဂျင် ရှူဖို့
လိုအပ်ပါသည်။
* ရောဂါပြင်းထန်နိုင်ချေရှိသူများ ဆေးရုံတက် ကု
သရန် လိုအပ်နိုင်ပါသည်။
@@ ရောဂါ သက်သာစေသော အကြောင်းများ
* အိမ်မှာ ကောင်းကောင်း အနားယူပါ။ လူ
ထူထပ်သော နေရာများ မသွားရပါ။
*ဖျားလျှင် အဖျားကျဆေး paracetamol သောက်
ပါ။
* ဖျားလျှင် ရေပတ် မတိုက်ရပါ။
* ရေများများသောက်ပါ။ ကလေးဆိုလျှင် မကြာ
ခဏ နို့များများတိုက်ပါ။
* နှာချေ၊ ချောင်းဆိုးလျှင် အဝတ်၊ တစ်ရှူးဖြင့်
အုပ်၍ ပြုလုပ်ပါ။
* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* အိမ်အတွင်း လေဝင်လေထွက်ကောင်းရမည်။
* ဆေးလိပ် မသောက်သင့်ပါ။ မိဘများ ကလေး
အနီး ဆေးလိပ်မသောက်သင့်ပါ။
@@ ကာကွယ်ခြင်း
* ကိုဗစ် ၁၉ ကဲ့သို့ ကာကွယ်ခြင်များ လုပ်ဆောင်
ပါ။
* ကာကွယ်ဆေးထိုးပါ။
* အဆုတ်ရောင်ကာကွယ်ဆေး( pneumococcal
vaccine)
* ကိုဗစ် ကာကွယ်ဆေး( COVID vaccine)
* အဆုတ်လေပြွန် အသေးလေးများ ရောင်
စေသော ဗိုင်းရပ်စ် ကာကွယ်ဆေး( RSV
vaccine)
* တုပ်ကွေး ကာကွယ်ဆေး( flu vaccine)
* ကလေးများ အသက်အရွယ်အလိုက်
ကာကွယ်ဆေးများထိုးပါ။
@@ နောက်ဆက်တွဲ ပြဿနာများ
* အဆုတ်ခဲခြင်း
* အဆုတ် ရေဝိုင်းခြင်း
* အဆုတ် ပြည်တည်ခြင်း
* သွေးဆိ၊ပ်တက်ခြင်း
* အဆုတ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း
* နှလုံး‌ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း

image