5 w - Translate

အီတလီနိုင်ငံ Montagnana မြို့မှာ ကြောင်လေး Toldo နဲ့ အသက် ၇၁ နှစ်အရွယ် သူ့ရဲ့သခင် Iosu တို့ကြားက ထားရှိခဲ့တဲ့ သံယောဇဉ်ကြောင့် လူတွေအကြားမှာ နာမည်ကျော်ကြားခဲ့ပါတယ် Iosu ဟာ ကြောင်လေး Toldo ကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပြီး မိသားစုဝင်တစ်ဦးလိုသဘောထားခဲ့ပါတယ်
Iosu ကွယ်လွန်သွားတဲ့အခါမှာတော့ သူ့ရဲ့ဇနီးဖြစ်သူ Ada နဲ့ မိသားစုဝင်တွေဟာ ဝမ်းနည်းပူဆွေးခဲ့ကြသလို ကြောင်လေး Toldo ဟာလည်း အဲဒီနေ့မှာ တော်တော်လေး စိတ်ဓာတ်ကျနေခဲ့ပါတယ် Iosu ကို သင်္ဂြိုဟ်တဲ့နေ့မှာဆိုရင် Toldo ဟာ လမ်းတစ်လျှောက် လိုက်ပါခဲ့ပြီး သူ့သခင်ရဲ့ခေါင်းတလားပေါ်ကိုတောင် တက်ဖို့ ကြိုးစားခဲ့ပါတယ် ဒီမြင်ကွင်းက အဲဒီနေရာမှာ ရှိနေတဲ့လူတွေကိုပါ မျက်ရည်ကျစေခဲ့ပါတယ်
အဲဒီနေ့ကစပြီး Toldo ဟာ တစ်နေ့ကို တစ်ကြိမ် (တစ်ခါတစ်ရံ နှစ်ကြိမ်) သူ့ရဲ့အိမ်ကနေ Iosu ရဲ့ သင်္ချိုင်းဂူအထိ လမ်းလျှောက်ပြီး သွားရောက်ခဲ့ပါတယ် အဲဒီလိုသွားတဲ့အခါမှာလည်း ဒီတိုင်းမသွားဘဲ အမြဲတမ်းလက်ဆောင်လေးတွေ ယူဆောင်သွားလေ့ရှိပါတယ် ဒီလက်ဆောင်လေးတွေကတော့ ပလတ်စတစ်ခွက်လေးတွေ၊ သစ်ရွက်နဲ့ သစ်ကိုင်းသေးသေးလေးတွေ၊ ငှက်တွေရဲ့အမွေးလေးတွေလိုမျိုး ပစ္စည်းလေးတွေကို ချစ်ခြင်းမေတ္တာအမှတ်အသားအနေနဲ့ သယ်ယူသွားပြီး သင်္ချိုင်းဂူပေါ်မှာ ချန်ထားခဲ့တတ်ပါတယ်
ဒီလိုလုပ်ရပ်တွေကို ကြောင်လေး Toldo ဟာ တစ်နှစ်ကျော်ကြာနေ့စဉ် လုပ်ဆောင်ခဲ့ပါတယ် ဒါကြောင့် Iosu ရဲ့ဇနီးဖြစ်သူ Ada ဟာ Toldo ရဲ့ပုံမှန်ပြုလုပ်တတ်တဲ့ အလေ့အထကို သိရှိခဲ့ပြီး ကင်မရာနဲ့တောင် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်
စိတ်မကောင်းစွာဘဲ ကြောင်လေး Toldo ဟာ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ရပါတယ် ဒါပေမဲ့သူ့ရဲ့ဇာတ်လမ်းကတော့ လူတွေနဲ့ တိရစ္ဆာန်တွေကြားက နက်ရှိုင်းတဲ့စိတ်ခံစားမှုဆိုင်ရာ ဆက်နွှယ်မှုတွေကို အမှတ်ရစေခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် ကျန်ရှိနေပါတယ်
#knowledge #facts #ဗဟုသုတ #whatthefacts

image