5 w - Translate

ဘဝမှာ ဘယ်သူ့ကိုမှ
အပေါ်ယံကြည့်ပြီး
အထင်တွေ ဇွတ်မကြီးလိုက်နဲ့
အထင်တွေ ဇွတ်မသေးလိုက်နဲ့
ပုံမှန်ရိုးရိုးအေးအေးနေလို့လည်း အပေါ်ယံကြည့်ပြီး မနှိမ်မိစေနဲ့ တချို့ ပညာရှိ ချမ်းသာသူတွေက ဘဝကို ရိုးရှင်းစွာပဲ ဖြတ်သန်းတတ်ကြတယ်
လူရှေ့လာရင် အမြဲအဝတ်အစား အသုံးအဆောင် အကောင်းစားနဲ့ မိတ်ကပ်အပြည့်နဲ့လာပေမယ့် နောက်ကွယ်မှာ အကြွေးတွေအပြည့်နဲ့ နေနေသူတွေလည်း အများကြီးပဲ
ဒီလူတစ်ယောက် ငါ့ပေါ်ကောင်းလွန်းတယ် ငါ့ကို ဂရုစိုက်လွန်းတယ် အလိုက်သိလွန်းတယ် အလိုလိုက်လွန်းတယ်ဆိုပြီး ခဏတာ ဟန်ဆောင်ကောင်းပြတာတွေကို အတည်ထင်ပြီး တကယ်လက်တွဲလိုက်တော့မှ စရိုက်မှန်တွေပေါ်လာပြီး အမြဲ ငိုကြွေးရတဲ့သူတွေ ရှိတယ်
လက်တွေ့မှာ အထင်နဲ့ အမြင်တွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတတ်တယ်
အထင်ဟာ အထင်ပဲမို့
အပြောတွေ မစောလိုက်နဲ့
အကြွားတွေ မပိုလိုက်နဲ့
ဝေဖန်တာတွေ မလွန်မိစေနဲ့
#မိန်းမသားတို့အတွက်
Credit