20 နာရီ - ဘာသာပြန်ပါ။

ချင်ပန်ဇီမျောက်ကို ဗီဒီယိုတွေမပြဖို့ အလည်လာရောက်သူတွေကို တားမြစ်ထားတဲ့ တရုတ်တိရစ္ဆာန်ရုံ
တရုတ်နိုင်ငံက တိရစ္ဆာန်ရုံတစ်ခုဟာ ချင်ပန်ဇီမျောက်ကို ဗီဒီယိုတွေမပြဖို့ အလည်လာရောက်သူတွေကို တားမြစ်ထားပါတယ်။ ချင်ပန်ဇီရဲ့ကျန်းမာရေးကို စိုးရိမ်တာကြောင့် အခုလို တားမြစ်ထားတာဖြစ်ပါတယ်။
Shanghai Wildlife Park မှာ ၂ နှစ်သား ချင်ပန်ဇီ ဒင်ဒင်ဟာ တိရစ္ဆာန်ကို လာရောက်လည်ပတ်သူတွေကြား ရေပန်းစားပါတယ်။ လာရောက်လည်ပတ်သူတွေက ဒင်ဒင်ကို သူတို့ရဲ့ဖုန်းတွေနဲ့ ဗီဒီယိုအတိုလေးတွေ ပြတဲ့အချိန် ဒင်ဒင်ကြည့်တဲ့ ဗီဒီယိုတွေက လူမှုကွန်ယက်မှုပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာ ဒင်ဒင်ဟာ ရေပန်းစားလာခဲ့တာပါ။
အခုတော့ တိရစ္ဆာန်ရုံက ဒင်ဒင်ရဲ့အမြင်အာရုံထိခိုက်မှာဆိုးတာကြောင့် ဒင်ဒင်ကို ဗီဒီယိုတွေမပြဖို့ လာရောက်လည်ပတ်သူတွေကို တိုက်တွန်းထားပါတယ်။ စက်တင်ဘာလမှာ တိရစ္ဆာန်ရုံက ဒင်ဒင်ရဲ့လှောင်အိမ်အပြင်ဘက်မှာ ဗီဒီယိုမပြရဆိုတဲ့ သတိပေးချက်ထုတ်ထားပါတယ်။
ဒီသတိပေးချက်က လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးတွေက "တိရစ္ဆာန်တွေရဲ့သဘာဝအတိုင်းနေထိုင်တာကို လေးစားပါ"၊ "ကျွန်တော်ရဲ့သားလည်း ဒင်ဒင်လို ဖုန်းထဲက ဗီဒီယိုတွေကို စွဲလမ်းနေတယ်။ တိရစ္ဆာန်ရုံက သူ့ကိုလည်း ခေါ်ထားသင့်တယ်"လို့ ရေးသားခဲ့ကြပါတယ်။ ဒင်ဒင်ဟာ ဒီပြဿနာကို ကြိုတင်ကာကွယ်ဖို့ မျက်မှန်ဝတ်လို့မရတဲ့အတွက် စည်းမျဉ်းအသစ်ထုတ်လိုက်ရတာဖြစ်တယ်လို့ တိရစ္ဆာန်ရုံက ထောက်ပြပြောဆိုထားပါတယ်။
Ref: China Zoo Bans Visitors From Showing Videos to Chimpanzee Over Health Concerns: Reports

image