'ယောဂကို ပုံမှန်လေ့ကျင့်ခြင်းက ကိုယ်အလေးချိန်ကို ဘယ်လိုကျစေသလဲ..."🌿🌿
... ယောဂနဲ့ ဝိတ်ချတာဟာ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ယောဂကြောင့် ကယ်လိုရီတွေအများကြီးလောင်ကျွမ်းတယ်လို့ မထင်ရပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ်အလေးချိန်ကျအောင် အထောက်အကူပြုပါတယ်။
၁။ စိတ်ဖိစီးမှုကိုလျှော့ချပေးတယ် စိတ်ဖိစီးမှုများရင်cortisol ဟော်မုန်းများလာပြီး ဗိုက်တစ်ဝိုက်မှာ အဆီတွေစုလေ့ရှိပါတယ်။ ယောဂကျင့်တာက cortisol level ကိုကျစေလို့ အဆီစုတာကို တားဆီးပေးနိုင်ပါတယ်။
၂။ ဇီဝကမ္မဖြစ်စဉ်ကိုမြှင့်တင်ပေးတယ် ယောဂအချို့အာနိသင်က သိုင်းရွိုက်ဂလင်းကိုလှုံ့ဆော်ပေးတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကောင်းမွန်စေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။
၃။ ကြွက်သားတည်ဆောက်မှုကိုအားပေးတယ် ယောဂက ကြွက်သားတွေကိုဆန့်တန်းပြီး သန်မာစေတာမို့ ကြွက်သားထုများလာပါတယ်။ ကြွက်သားများလာတာနဲ့အမျှ ခန္ဓာကိုယ်က ပိုပြီးကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းရှိလာမှာပါ။
၄။ အစားအသောက်ထိန်းညှိမှုကိုကောင်းစေတယ် ယောဂကျင့်တဲ့သူတွေက ကိုယ်ခန္ဓာအပေါ်သတိထားမိမှုပိုများလာပြီး ကျန်းမာရေးနဲ့မညီတဲ့အစားအသောက်တွေကို ရှောင်ကျဉ်တတ်လာကြပါတယ်။
ဒါကြောင့် ယောဂကို ပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင် ဝိတ်ချရာမှာ သိသိသာသာ အထောက်အကူဖြစ်စေမှာပါနော်။
မိမိခန္ဓာကိုယ်နဲ့ စိတ်ကလေးရဲ့ ပြောင်းလဲလာမှုကို သတိထားကြည့်ပေးစေချင်ပါတယ်။
ကိုယ့်ခန္ဓာနဲ့စိတ်ရဲ့ ပြောင်းလဲမှုကပဲ ယောဂလေ့ကျင့်ရင်းနဲ့ ဝိတ်ချခြင်းရဲ့ ဆက်စပ်မှုပါပဲ။
အတွင်းကနေ စပြောင်းလဲလာတဲ့အခါ အပြင်ကလဲ လိုက်ပြောင်းလဲလာမှာပါ။
...
#soul Yoga By Alice#yoga Journey

image