9 ပတ် - ဘာသာပြန်ပါ။

Trader Joe's စူပါမားကတ်ဟာ နေ့စဉ်နေ့တိုင်း ဆိုင်ပိတ်ချိန်မှာမရောင်းရသေးပေမဲ့ စားသုံးလို့ရနိုင်သေးတဲ့ ကုန်ပစ္စည်းတွေအားလုံးကို Neighborhood Shares Program ကနေတစ်ဆင့် လှူဒါန်းပေးနေပါတယ်
ဒီကုန်ပစ္စည်းတွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ နို့ထွက်ပစ္စည်းတွေ၊ မုန့်ဖုတ်ပစ္စည်းတွေနဲ့ တခြားလိုအပ်တဲ့ ကုန်စုံပစ္စည်းအမျိုးအစားတွေ ပါဝင်ပါတယ်
အဲဒီလှူဒါန်းမှုတွေကို City Harvest၊ Feeding San Diego၊ Extra Food နဲ့ Sharing Excess အပါအဝင် ဒေသခံအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းပေါင်း ၂,၀၀၀ ကျော်ကို ဖြန့်ဝေပေးခဲ့ပါတယ်
ဒီအစီအစဉ်ဟာ မရောင်းရတဲ့ပစ္စည်းတွေကို စွန့်ပစ်မယ့်အစား လိုအပ်နေသူတွေကို ပေးခြင်းအားဖြင့် အငတ်ဘေးကို တိုက်ဖျက်ဖို့နဲ့ အစားအသောက်စွန့်ပစ်မှုကို လျှော့ချဖို့ ရည်ရွယ်ပါတယ်
၂၀၂၄ ခုနှစ်မှာတော့ ကုမ္ပဏီဟာ ဆိုင်ခွဲ ၅၇၉ ခုကနေ အစားအသောက် ပေါင် ၉၈ သန်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ၂၀၂၅ ခုနှစ်အတွက် လှူဒါန်းမှုပမာဏစာရင်းကို ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်
Trader Joe's ရဲ့ ဒီအစီအစဉ်ဟာ ကုန်စုံဆိုင်တစ်ခုအနေနဲ့ အမြတ်အစွန်းကိုဘဲ ကြည့်တာမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအပေါ် ဂရုစိုက်မှုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုရှိတယ်ဆိုတာကိုပါသက်သေပြနေပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image