9 ပတ် - ဘာသာပြန်ပါ။

မုန်လာဥ နဲ့ ငါးရံ့ ချဥ်ရည်ဟင်း
**********************

ပါဝင်ပစ္စည်းများ ကတော့

ငါးရံ့ ( ဟင်းခပ်မှုန့်, ငံပြာရည်, နနွင်း နဲ့ ဆုပ်နယ်ထား )
ကြက်သွန်ဖြူ,နီ ( ထောင်းထား )
ခရမ်းချဉ်သီး ( ကြိတ်ထား ( သို့ ) မထူမပါး လှီးထားပါ )
မုန်လာဥ/ ရွက် ( လှီးပီး ရေဆေးထား )
မန်ကျည်းရည်,
ငရုတ်တောင့်ရှည်
ရှမ်းနံနံ, နံနံပင် ( နှစ်ပိုင်း ပိုင်းထား )

ချက်ရန်
****
ကြက်သွန်ဖြူ,နီ,နနွင်း,ငရုတ်သီးအစိမ်းမှုန့်လေးဆီသတ်ပါ။

ရွလာခါနီးမှာကြိတ်ထားတဲ့ ခရမ်းချဉ်သီးကို
စိမ်းနံ့ပျောက်ပြီး ပျော့လာအောင် ဆီသတ်ပါ။

ပီးရင် အရသာနယ်ထားတဲ့ ငါး ထည့်မွှေပီး လုံးပေးပါ။
ရေနွေးပူပူ လောင်းထည့်ပါ။

မန်ကျည်းရည် ထည့်ပါ။
( ငါး အသားတင်းအောင်လို့ မန်ကျည်းရည် အရင်ထည့်တာပါ )

ငါး ကျက်ခါနီးမှာ အသားတုံးလေးများ ဆယ်ထုတ်ထားပါ။

မုန်လာဥ နဲ့ အရွက်များ ထည့်ပါ။

ဟင်းခပ်မှုန့်, သကြား, ငံပြာရည် ထည့်ပီး အရသာစပ်ပါ။

ရေကို အပျစ်အကျဲ လိုသလိုထည့်ပေးပါ။

မုန်လာ နူးပြီဆိုမှ ဆယ်ထားတဲ့ ငါးပြန်ထည့်ပြီးရင်
ငရုတ်သီးတောင့်ရှည်, ရှမ်းနံနံ, နံနံပင်လေး အုပ်လိုက်ပါ။

အနံ့တွေ သင်းပျံ့လာရင်တော့
မုန်လာဥ နဲ့ ငါးရံ့ ချဥ်ရည်ဟင်းလေး ရပါပြီ။

____________________________________________

မှတ်ချက်
****
ငါးကတော့ ဘယ်ငါးမဆို
မိမိနှစ်သက်ရာငါးနဲ့ ချက်နိုင်ပါတယ်။
ငါးရံ့ဆိုရင်တော့ ပိုလိုက်ဖက်ပါတယ်။

ဒီဟင်းချက်ရင် မမွှေပဲ အိုးလေးကို အသာအယာ လှုပ်ပေးပါ။

အိုးအဖုံး မအုပ်ပဲ အိုးချမှ အဖုံးအုပ်ပါ။

ခရမ်းချဉ်သီးပါမှ ဟင်းရည်ပျစ်စေတာမို့
ခရမ်းချဉ်သီးကို မပါမဖြစ် ထည့်ပေးပါ။

အရသာပိုလေးနက်စေပြီး ချိုမြမြလေး ဖြစ်စေချင်ရင်
သကြားအနည်းငယ် ထည့်ပေးပါ

image