13 ပတ် - ဘာသာပြန်ပါ။

ဘ၀ကို
သာမန်လေးပဲဖြတ်သန်းပါတယ် ။
ကဲ့ရဲ့လည်း အပြုံးမပျက်သလို
တိုက်ခိုက်လည်း အမုန်းမဖက်ပါဘူး ။
မေတ္တာရှိသူတွေ ၀င်လာဖို့
နေရာတွေ အမြဲချန်ထားတယ် ။
သစ္စာရှိသူတွေ ရောက်လာဖို့
တံခါးတွေ အမြဲဖွင့်ထားပါတယ် ။
အဆင်မပြေတဲ့သူတွေလည်း
အချိန်မရွေး ထွက်သွားနိုင်တယ် ။
ဂုဏ်ရည်မတူဘူး ဆိုရင်လည်း
မသိသလို ကျော်ထားခဲ့နိုင်ပါတယ် ။
ကိုယ့်အရွယ်ဟာ
စိတ်ချမ်းသာမှုတွေပဲလိုအပ်လို့
အပူစာဆိုရင် ရှောင်ပါတယ် ။
ရှိဖို့ များဖို့ကို မကြိုးစားပဲ
သိဖို့ ကျင့်ဖို့သာ ကြိုးစားနေထိုင်ပါ ။

image