6 ပတ် - ဘာသာပြန်ပါ။

🏞️ တောင်တန်းတွေက ပွေ့ဖက်ထားတဲ့ အိမ်ငယ်လေး Ruean Ho Doi Sakad
🏠🏡
နမ်ပြည်နယ်ဟာ သဘာဝရဲ့ အလှတရား တွေကို လက်ဆောင်ရထားတဲ့ ပြည်နယ်လေးတစ်ခုပါ။‌‌ ဒီပြည်နယ်လေးကိုလာတဲ့သူတိုင်း စိတ်၏ အေးချမ်းခြင်းကို ပြည့်စုံစေတာဟာ ဘုရားသခင်ရဲ့ အပိုဆုတစ်ခုလိုပါပဲ။
RueanHo Doi Sakad (เรือนหอดอยสกาด) လို့အမည်ရတဲ့ guesthouse လေးဟာလဲ ဘုရားပေးတဲ့ဆုရဲ့အလှ တွေနဲ့ ပြည့်စုံနေတဲ့ နေရာ လေးတစ်ခုပါပဲ။ ☁️တိမ်ပင်လယ် တွေဝေ့နေတဲ့ တောင်တန်းရဲ့အလှကို နောက်ခံထားရင်း တောင်ထိပ်ရဲ့မြင့်ဆုံး နေရာက နေ မျှော်ကြည့်ရတဲ့ အခိုက်အတန့်ဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။
လေတိုက်တိုင်း guesthouse လေးရဲ့ ခေါင်မိုးက နေတွဲလွဲခိုနေတဲ့ ခေါင်းလောင်းသံဟာ ဒီနေရာ လေးရဲ့white noise အလားပါပဲ။ စိမ်းစို နေတဲ့ သစ်ပင် တွေရဲ့ သစ်ရွက်အဖျားကနေ လျောကျမလို တွဲခို နေတဲ့ နှင်းစက်ရည် တွေကလဲ မိုးရာသီရဲ့အလှကို တိတ်တိတ်ကလေး ဖော်ကျူးနေပါတယ်။
တိမ်ဖြူဖြူလွှလွှ တွေကို ဖမ်းဆုတ်ရင်း တောင်ထိပ်က နေ နမ်ပြည်နယ်ရဲ့အလှကို RueanHo Doi Sakad (เรือนหอดอยสกาด) guesthouse လေးမှာ လာခံစားပါ။ ညနေဆိုရင် မူကထအကင်နဲ့ ဘီယာ အေးအေးလေးလဲ သုံးဆောင်ရင်း မြို့ပြရဲ့အမော တွေဖြေကြရအောင်ကွယ်🌿☁️

image