#ကိုင်းခရမ်းချဥ်သီးငပိချက်
ကိုင်းခရမ်းချဥ် ၅၀ သား ရေဆေးပါးပါးလှီးထား၊ ကြက်သွန်နီ ၂ ဥ အခွံနွှာ ပါးပါးလှီး ငရုပ်သီးမှုန့် ဆနွင်းနဲနဲ နဲ့ရောထောင်း၊ ညက်လာရင် စိမ်းစားငပိ တစ်ဇွန်းရောထောင်း အနှစ်ရပြီ။ ထောင်းထားတာတွေ ဆီသတ်မယ်။ ကြက်သွန်ထောင်းကျက်ရင် ခရမ်းချဥ်သီးထည့် ရေနဲနဲထည့်မွှေပေးပြီး အဖုံးအုပ်ထားပါ။ ခရမ်းချဥ်သီး နူးအိလာပြီး အဆီပျံလာပြီဆို
ဆား၊ အသားမှုန့် အနည်းငယ်ထည့်ပါ။
နံနံပင်နဲ့ ငရုတ်သီးစိမ်းထည့်။
အရသာရှိတဲ့ ကိုင်းခရမ်းချဥ်သီးချက်ရပါပြီ။
မုန်ညှင်းရွက်ပြုတ်၊ ဂေါ်ရခါးသီးပြုတ်နဲ့ အရမ်းလိုက်ပါတယ်ဗျ။ ခရမ်းချဥ်သီးပေါချိန်၊ ရာသီစာလေးမို့ ချက်စားကြည့်ကြပါဗျ။