#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာဖြင့် ဖန်တီးထားသော ညစ်ညမ်းဗီဒီယိုများဖြင့် မလေးရှားနိုင်ငံရေးသမားအနည်းဆုံး ၁ဝ ဦး ခြိမ်းခြောက်ခံနေရ
မလေးရှားနိုင်ငံရေးသမား အနည်းဆုံး ၁ဝ ဦးတို့မှာ လူ့ဉာဏ်ရည် တုနည်းပညာ(အေအိုင်)ဖြင့် ဖန်တီးထားသော ညစ်ညမ်းဗီဒီယိုအတုများဖြင့် အကျပ်ကိုင်ခြိမ်းခြောက်မှုခံနေရကြောင်း စက်တင်ဘာ ၁၅ ရက် သတင်းများတွင် ရေးသားတင်ပြထား သည်။
ယင်းကဲ့သို့မလေးရှားနိုင်ငံရေးသမားများ အေအိုင်နည်းပညာဖြင့် ဖန်တီးထားသော ညစ်ညမ်းဗီဒီယိုများ ဖြင့် အကျပ်ကိုင်ခံရမှု ပြဿနာကို မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေကြောင်း သိရသည်။
အေအိုင်နည်းပညာဖြင့် ဖန်တီးထားသော ညစ်ညမ်းဗီဒီယိုများဖြင့် အကျပ်ကိုင်ငွေညှစ်ခံနေရသူများထဲတွင် မလေးရှားဆက်သွယ် ရေးဝန်ကြီး ဖာမီဖက်ဇီးလ်လည်း ပါဝင်သည်။
ကန်ဒေါ်လာ ၁ဝဝဝဝဝ မပေးပါက အဆိုပါ ညစ်ညမ်းဗီဒီယိုဖိုင်များကို အွန်လိုင်းပေါ်တွင်ဖြန့်ပစ်မည်ဟူ၍ အကျပ်ကိုင်သူများကိုအီးမေးလ်များ ပေးပို့ထားကြောင်း ခြိမ်းခြောက်ခံထားရသူများ၏ အဆိုအရ သိရသည်။
အေအိုင်နည်းပညာသုံး ညစ်ညမ်းဗီဒီယိုဖိုင်များဖြင့် ခြိမ်းခြောက်ခံ ထားရသူများထဲတွင် မလေးရှားလွှတ်တော်အမတ်များလည်း ပါဝင်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် မလေးရှားရဲတပ်ဖွဲ့သည် အေအိုင်နည်းပညာသုံး ညစ်ညမ်းဗီဒီယိုဖိုင်များဖြင့် မလေးရှားနိုင်ငံရေးသမားများ ခြိမ်းခြောက်ခံနေရမှုကို ရာဇသတ်ကြီးပုဒ်မ ၃၈၇ အပါအဝင် အခြားပုဒ်မများဖြင့် စုံစမ်းစစ်ဆေးနေကြောင်း မလေးရှား မီဒီယာ များက သတင်းထုတ်ပြန်ထားသည်။
ပြစ်မှုကျူးလွန်သူများအနေဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ ဒဏ်ငွေနှင့် ကြိမ်ဒဏ်များကိုရင်ဆိုင်ရနိုင်ကြောင်း မလေးရှားမီဒီယာများ၏ အဆိုအရ သိရသည်။
ရိုက်တာ
