ရသာစုံ #ကြက်ကုန်းဘောင်ကြီးကြော်
ပါဝင်ပစ္စည်းများ
❤❤❤❤❤❤
ကြက်ရင်ပုံအရိုးလွတ် ၃၂၀ ဂရမ် ၊ အနေတော်တုံးထားပါ
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအခြောက် ၅ တောင့်
ကြက်သွန်နီ ၂ လုံး ၊ခပ်ကြီးကြီးလှီးထားပါ
ကြက်သွန်ဖြူ ၅ မြွှာ ၊ ဓါးပြားရိုက်ထားပါ
ဂျင်း ၃ ပြား ၊ ရှည်ရှည်လေးလှီးထားပါ
Baby corn ၅ တောင့် ၊ ခပ်စွေစွေအနေတော်လေး လှီးထားပါ
မုန်လာဥနီတစ်ချောင်းရဲ့ သုံးပုံတစ်ပုံ ၊ အတုံးလေးတွေ လှီးထားပါ
ငရုတ်ပွ ၁ လုံး ၊ အနေတော်လှီးထားပါ
ပန်းဂေါ်ဖီ တစ်ထုပ်ရဲ့ လေးပုံတစ်ပုံ ၊ အနေတော်လှီးထားပါ
ဆီ ထမင်းစားဇွန်း ၅ ဇွန်း
ကြက်သွန်မြိတ် ၁ ပင် ၊ အနေတော်လှီးထားပါ
ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ တုံးထားတဲ့ ကြက်သားတုံးလေးတွေကို ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီနဲ့ ပဲငံပြာရည်အနောက်တို့ ထည့်ပြီး နယ်နပ်ထားပါ။
၂။ ဆီကို အပူပေးပြီး ငရုတ်သီးခြောက်တွေကို အနံ့နည်းနည်းမွှေးလာတဲ့အထိ မီးအေးအေးနဲ့ ကြော်ပြီး ဘေးဖယ်ထားပါ။
၃။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ဆီသတ်ထားပါ။ ဆီသတ်ပြီးရင်တော့ နယ်နှပ်ထားတဲ့ ကြက်သားတုံးတွေထည့်ပြီး မွှေပေးပါ။ ရေအနည်းငယ်ထည့်ပေးပါ။
၄။ ကြက်သားနူးပြီဆိုရင် ပန်းဂေါ်ဖီ၊ Baby corn၊ ကြက်သွန်နီ၊ ငရုတ်ပွနဲ့ မုန်လာဥနီတို့ကို ထည့်ပါ။ ခရုဆီအနည်းငယ်နဲ့ အရောင်အတွက် လိုအပ်ရင် ပဲငံပြာရည်အကြည်နဲ့ အနောက်တို့ကို အနည်းငယ်ထပ်ထည့်ပေးပါ။
၅။ ရေအနည်းငယ် ထည့်တည်ရင်း အသီးအရွက်တွေနူးပြီဆိုရင်တော့ ငရုတ်သီးခြောက်နဲ့ ကြက်သွန်မြိတ်ထည့်ကာ တစ်ချက်နှစ်ချက်မွှေပြီး အိုးပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ။
😍😍😍 ကြက်ကုန်းဘောင်ကြီးကြော်မှာပါဝင်တဲ့ အသီးအနှံတွေကို မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ်။ ကြက်သားအစား ဝက်သားနဲ့ကြော်လည်း ရပါတယ်။ အဓိကကတော့ ကြက်သားကို ဆီနဲ့အကြာကြီးမကြော်ဘဲနဲ့ ရေနဲ့ပြုတ်ကြော်လိုပုံစံမျိုးချက်ပေးပါ။ ဆီနဲ့အကြာကြီးကြော်ရင် အသားတွေမနူးညံတော့ဘဲ မာသွားတတ်လို့ပါ။
❌❌❌ မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
