3 d - Translate

၁၈၀၀ ပြည့်လွန်နှစ်တွေက လူအများစုဟာ အရှင်လတ်လတ် မြေမြှုပ်ခံရမှာကို ကြောက်ရွံ့ခဲ့ကြပါတယ် ဆေးပညာကလည်း အခုလို မတိုးတက်သေးတဲ့အတွက် မေ့မြောခြင်း (coma) ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ တောင့်တောင့်ကြီး ဖြစ်နေခြင်း (catalepsy) လိုမျိုး အခြေအနေတွေက ဆရာဝန်တွေအား လူရှင်ကို လူ​ေxသအဖြစ် မှားယွင်းစွာ ကြေညာစေခဲ့မိပါတယ်
ဒီလိုကြောက်ရွံ့မှုကနေ အဲဒီရာစုရဲ့ အထူးဆန်းဆုံး တီထွင်မှုတွေထဲက တစ်ခုဖြစ်တဲ့ “လုံခြုံရေးခေါင်းတလား” (safety coffin) ပေါ်ပေါက်လာခဲ့ပါတယ် ဒီခေါင်းတလားတွေက မြေအောက်ထဲမှာ "ေxသ" နေတဲ့သူတွေ နိုးထလာတဲ့အခါ အသက်ရှင်နေတဲ့သူတွေကို အချက်ပြနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်
အချို့ဒီဇိုင်းတွေမှာ ကြိုးတွေနဲ့ လက်ကိုချည်ထားပြီး မြေပြင်ပေါ်မှာ ခေါင်းလောင်းတစ်ခုကို ချိတ်ထားပါတယ် တချို့မှာတော့ အလံငယ်တွေ၊ လေရှူသွင်းနိုင်တဲ့ ပိုက်တွေ ဒါမှမဟုတ် ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင်အထိ လေရအောင် လုပ်ပေးနိုင်တဲ့ လေရှူစက်တွေပါ ထည့်သွင်းပေးထားပါတယ်
ဒီလိုခေါင်းတလားတွေ တည်ရှိခဲ့တာက အဲဒီခေတ်က လူတွေရဲ့ စိုးရိမ်ပူပန်မှု ဘယ်လောက်ကြီးမားခဲ့တယ်ဆိုတာကို ပြသနေပါတယ် မိသားစုတွေဟာ သူတို့ချစ်ရသူကို မတော်တဆ မြေမြှုပ်မိရင်တောင် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်ဆိုတဲ့ စိတ်ချမ်းသာမှုရဖို့အတွက် ငွေပိုပေးပြီး ဒီခေါင်းတလားတွေကို ဝယ်ခဲ့ကြပါတယ်
ဒီနေ့ခေတ်မှာတော့ ကြောက်မက်ဖွယ်ရာ ဒါမှမဟုတ် ရယ်စရာတစ်ခုလို့ ထင်ရနိုင်ပေမဲ့ အဲဒီခေတ်အခါကတော့ ဉာဏ်ကြီးရှင်ဆန်တဲ့ ဖြေရှင်းနည်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
#knowledge #ဗဟုသုတ #facts #whatthefacts

image