6 နာရီ - ဘာသာပြန်ပါ။

သာဂူကျို မုန့်ကြာစေ့
.....................
သာဂူကျိုလေးက ကလေး၊ လူကြီးလည်း ကြိုက်နှစ်သက်တဲ့အပြင် ပြုလုပ်ရတာလည်း သိပ်မခက်ခဲတာကြောင့် လုပ်စားကြည့်ပါနော်။

ပါဝင်ပစ္စည်းများ
သာဂူစေ့ - ၃၅ ကျပ်သား
ထန်းလျက် - ၇၅ ကျပ်သား
ရွှေကန်စွန်းဥ - ၅၀ ကျပ်သား
မုန့်ကြာစေ့ (ကောက်ညှင်း) - ၂ လုံး
ဆား - အနည်းငယ်
နို့စိမ်း - ၁ ဘူး
အုန်းသီး - ၂ လုံး
ရေ - နို့ဆီဘူး ၈ ဘူး

ပြုလုပ်နည်း
၁။ သာဂူစေ့ကို ပြုတ်ပါ။ မျက်ဆံမပျောက်ခင် ချ၍ ရေလောင်းပြီး စစ်ထားပါ။
၂။ ရေ နို့ဆီဘူး ၈ ဘူးနှင့် ထန်းလျက်ကို ကျိုပြီး စစ်ထားပါ။
၃။ ကောက်ညှင်း ၂ လုံးကို ရေစင်အောင်ဆေးပြီး ၁ နာရီခန့်စိမ်၍ ကြိတ်ပြီး ၄ နာရီခန့် ရေစစ်ထားပါ။ မုန့်ညက်ကို သပြေသီးအရွယ်လေးများ လုံးထားပါ။
၄။ ရွှေကန်စွန်းဥကို ရေစင်အောင် ဆေးပြီး နူးအောင်ပြုတ်၍ အတုံးသေးလေးများ တုံးထားပါ။
၅။ စစ်ထားသော ထန်းလျက်ရည်ကို အနည်အနှစ်များ သွန်ပြီး ဆူအောင် ပြန်တည်ပါ။
၆။ ပွက်ပွက်ဆူနေသော ထန်းလျက်ရည်ထဲ သာဂူစေ့၊ မုန့်ကြာစေ့၊ ရွှေကန်စွန်းဥနှင့် ဆားတို့ကို ထည့်၍ ဆူအောင် ပြန်တည်ပါ။
၇။ ပွက်ပွက်ဆူလာလျှင် မီးဖိုပေါ်မှ ချ၍ အအေးခံပြီး နို့စိမ်းဆမ်း၊ အုန်းသီးဖြူး၍ သာဂူကျိုပူပူ၊ မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီ။

image